NLD တရားဝင် နိုင်ငံရေးပါတီ ဖြစ်ပြီ

NLD တရားဝင် နိုင်ငံရေးပါတီ ဖြစ်ပြီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တရားဝင်နိုင်ငံရေး ပါတီ အဖြစ် ယမန်နေ့ကမှတ်ပုံတင် ချပေးလိုက်သည်။


နိုဝင်ဘာ ၁၈ ရက်နေ့က NLD မှတ်ပုံတင်မည်ဟု ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ထို့ကြောင့် လာမည့် တနင်္လာနေ့မှ စတင်ကာ ပါတီရုံးများဖွင့်လှစ်ခြင်း၊ ပါတီဝင်များ လက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ ရန်ကုန်တိုင်း ကော်မရှင်က ခေါ်တွေ့တယ်၊ ပါတီမှတ်ပုံတင် ကျတဲ့အကြောင်း ပြောတယ်၊ ပါတီ မှတ်ပုံတင် အမှတ်က ၄၇/၂၀၁၂ ပါ၊ ပါတီက တင်ပြထားတဲ့ အလံ၊ တံဆိပ် အားလုံးကို ခွင့်ပြုပါတယ်”ဟု ၎င်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇန်နဝါရီ ၁၁ ရက် နောက်ဆုံးထား ၍ ဗဟို အောင်နိုင်ရေးအဖွဲ့သို့ တင်ပြရန် ကြေညာချက် ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ဗဟိုအောင်နိုင်ရေးကော်မတီက မြို့နယ်၊ ခရိုင်ပါတီဝင်များနှင့် ညှိနှိုင်းဆုံးဖြတ်မည်ဟုလည်း ဦးဉာဏ်ဝင်း ပြောပြသည်။

“လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းချင်တဲ့သူတွေကို မြို့နယ်ပါတီစည်းတွေရဲ့ ထောက်ခံချက်နဲ့တင်ပြ ခိုင်းထားတယ်၊ ဘယ်သူက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင် သင့်တယ်ဆိုတာကိုတော့ မြို့နယ်၊ ခရိုင်နဲ့ ဗဟို ကော်မတီတွေ ညှိုပြီးဆုံးဖြတ်မယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နောက်ပိုင်း စည်းရုံးရေး ခရီးစဉ်များ စတင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

NLDအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် NLD က ပါတီ ပြန်လည်မှတ်တင်ပြီး ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ် နောက် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ပြီး ယနေ့တွင် တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံတင် ချပေးလိုက်ခြင်း ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ ထားသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection