မေတ္တာမွန်ဂိုဒေါင် ပြင်းထန်စွာ မီးလောင်ပေါက်ကွဲရခြင်း အကြောင်းမှန် ဖော်ထုတ်နိုင်ပြီ

“မေတ္တာမွန်ဂိုဒေါင် ပြင်းထန်စွာ မီးလောင်ပေါက်ကွဲရခြင်း အကြောင်းမှန် ဖော်ထုတ်နိုင်ပြီ”

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ မေတ္တာမွန်သိုလှောင်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့ က ဖြစ်ပွားခဲ့ သည့် ပရ ဆေးဂိုဒေါင်မီးလောင်ရာ၌ ပေါက်ကွဲမှုအား များစွာပြင်းထန်ရခြင်းမှာ သိုလှောင်ထား သော ဓာတုပစ္စည်းများကြောင့်ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ သုံးသပ်ကြောင်း သိရသည်။


”ပေါက်ကွဲမှုဖြစ်တဲ့ ဂိုဒေါင် အမှတ်(၇၉)ထဲမှာ ပရဆေးနဲ့ ဓာတု ပစ္စည်းစုစုပေါင်း ၆၈ မျိုး၊ တန်ချိန် အားဖြင့် ၂ဝ၅ ဒသမ ၁၂၂ တန် သိုလှောင်ထားတယ်။ အဲဒီထဲမှာ ပေါက်ကွဲမှုဖြစ်စေတဲ့ ဓာတုပစ္စည်း က ၅၈ ဒသမ ၂၅ဝ တန်နဲ့ အပူရှိန် မြင့်မားမှုကို ပိုမိုအားပေးတဲ့လောင် စာက ၄၁ ဒသမ ၄၃၆ တန် ပါဝင် တာတွေ့ရတယ်။ မီးလောင်တဲ့ အချိန်မှာ ဒီဓာတုပစ္စည်း ၉၉ ဒသမ ၆၈၆ တန်က မြင့်မားတဲ့ အပူရှိန်နဲ့ ထိတွေ့ပြီး ဓာတု အချင်းချင်း ပေါင်း စပ်ဓာတ်ပြုကာ အသေးစားကြီးမား ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်တာ တွေ့ ရတယ်” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဂိုဒေါင်ပိုင်ရှင်အား စစ်ဆေးရာ တွင် ¤င်းသည် ပရဆေးများကို အရောင်းအဝယ်ပြုစဉ် ထိုင်း၊ တရုတ်၊ အိန္ဒိယ တို့နှင့် အဆက် အသွယ်ရှိခဲ့ပြီး ထိုလမ်းကြောင်းများ မှတစ်ဆင့် တရားမဝင် ဓာတုပစ္စည်း များကိုပါ သယ်ယူသိုလှောင် ရောင်း ချခဲ့ကြောင်း၊ ဓာတုပစ္စည်းများကို သိုလှောင်ရာတွင် ရောနှောစုပုံခဲ့ ကြောင်း၊ ၂ဝ၁၁ အောက်တိုဘာ ပထမပတ်ထဲတွင် မီးလောင်ပေါက် ကွဲလွယ်သည့် Potassium Chlorate ၅ဝဝဝ ကီလိုဂရမ် (၂၅ ကီလို ဂရမ်ဝင် ၂ဝဝ အိတ်) Red Phosphorous ၁၆ဝဝ ကီလိုဂရမ်တို့ကို ဝယ်ယူ၍ ဂိုဒေါင်အတွင်းရှိ ယမ်း စိမ်းအိတ်များအနီး စုပုံထားခဲ့ ကြောင်း Potassium Chlorate အိတ် ၂ဝဝ မှ ၆ဝ ခန့်သာ ရောင်း ချခဲ့ရပြီး ကျန်အိတ်များနှင့် Red Phosphorous ၁၆ဝဝ ကီလို ဂရမ် တို့မှာ မီးလောင်သွားခဲ့ကြောင်း ထို့ ပြင် မီးမလောင်မီ ၁ဝ ရက်ခန့်က ဝယ်ယူသိုလှောင် ထားသော Ammonium Nitrate ငါးတန်နှင့် လက်ကျန် တစ်အိတ်လျှင် ၅ဝ ကီလိုပါသော ၁ဝ အိတ်မှာလည်း မီးလောင်မှုတွင် ပါဝင်သွားကြောင်း၊ ထို့ကြောင့် ပေါက်ကွဲမှု ပြင်းထန် သွားသည်ဟု စစ်ဆေးတွေ့ရှိရ ကြောင်း သိရသည်။

ထိုပေါက်ကွဲမှုအား အမြန်ဆုံး ဖော်ထုတ်ရန် ဒုတိယသမ္မတဒေါက် တာ စိုင်းမောက်ခမ်းက ဇန်နဝါရီလ ၁ ရက်နေ့တွင် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးစဉ် က သက်ဆိုင်ရာဌာနအဖွဲ့အစည်း များသို့ မှာကြားခဲ့သည့်အတွက် ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် တိုင်းဒေသ ကြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဟူ၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ မီးလောင်ပေါက် ကွဲမှု အကြောင်းရင်းကို အပူတပြင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မီးလောင်ပေါက်ကွဲမှု အကြောင်းရင်းအား စစ်ဆေးရာ၌ ကနဦးအနေဖြင့် မီးလောင်မှု အ ကြောင်းရင်း အား စတင်စစ်ဆေး ခဲ့ရာ ထွက်ဆိုချက်များအရ ဂိုဒေါင် အမှတ်(၈ဝ)မှ မီးစတင်လောင် ကျွမ်းခဲ့ပြီး ကပ်လျက် ရှိသော ဂိုဒေါင် အမှတ်(၇၉)သို့ ကူးစက်လောင် ကျွမ်းကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း၊ မီးစတင် လောင်ကျွမ်းစဉ်က ဝါယာကြိုးညှော်နံ့များရကာ အဆိုပါနေ့၏ ည ၁ နာရီခန့်မှ မီး စတင်လောင် ကျွမ်းနေ ခဲ့ခြင်း ဖြစ် ကြောင်း၊ ထိုဂိုဒေါင် အမှတ်(၈ဝ) တွင် မီးလောင်မှုမဖြစ်မီက ခဲဂဟေဆော်သည့် ဂေါက် အသုံး ပြုခြင်းနှင့် အင်ဗာတာ အားသွင်းခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်း ပြီးဆုံးချိန်၌ ထို မီးခလုတ် များကို မပိတ်ခဲ့ကြောင်း၊ အဆိုပါ မေတ္တာ မွန်ဂိုဒေါင်ဝင်းအတွင်းရှိ ဂိုဒေါင်များ အား လုံခြုံရေး မီးသာ သွယ်တန်း ခွင့်ပြုထားပြီး ကျန်လျှပ်စစ်မီးသွယ် တန်းခြင်းကို မြန်မာ့ဆိပ်ကမ်း အာ ဏာပိုင် လျှပ်စစ် အင်ဂျင်နီယာဌာန ၏ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင် ရွက်ရမည်ဖြစ်သော်လည်း ဂိုဒေါင် အမှတ်(၈ဝ)၏ လျှပ်စစ်မီးသွယ်တန်း ခြင်းကိုမူ ဌာန၏ခွင့်ပြုချက် မရမီ သွယ်တန်းခဲ့ကြောင်း စစ်ဆေးတွေ့ ရှိရသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ မှ အဖွဲ့ဝင်မီးသတ်အရာရှိတစ်ဦးက ပြောသည်။

”အခုတွေ့ရှိရတဲ့ စစ်ဆေးချက် တွေအရ ဒီမီးလောင်မှုဟာ လျှပ်စစ်ပစ္စည်းတွေ အပူလွန်ကဲပြီး မီး လောင်မှု စတင်ဖြစ်ပွားတယ်လို့ သုံး သပ်ရတယ်။ ဘာကြောင့်လဲဆို တော့ မီးလောင်မှုဖြစ်တဲ့ညမှာ မီး မလောင်ခင် အချိန်အထိ လျှပ်စစ် မီးလာနေပြီး ပေါက်ကွဲမှု ကြီးဖြစ် တော့မှ လျှပ်စစ်မီးပြတ်သွားတယ် ဆိုတဲ့ အချက်ရယ်၊ မီးလောင်မှု မဖြစ်ခင် သုံးရက်လောက်က ဒီဂို ဒေါင်မှာရှိတဲ့ ဝါယာကြိုးတွေ ပူနေ တယ်လို့ ဂိုဒေါင်စောင့် ဝန်ထမ်းတွေ ရဲ့ ထွက်ဆိုချက်တွေအရ လျှပ်စစ် ပစ္စည်းတွေ အပူလွန်ကဲရာကနေ စလောင် တယ်လို့ ပြောနိုင် တာပါ။ ဒါ့အပြင် ဂိုဒေါင်အမှတ်(၈ဝ) အတွင်း မှာလည်း မီးလောင်ပျက်စီးနေတဲ့ အင်ဗာတာတစ်လုံးကိုလည်း ရှာဖွေ တွေ့ရှိခဲ့တယ်”ဟု ၄င်းက ဆက် လက်ပြောကြားသည်။

ထို့ကြောင့် ဓာတုပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ထိန်းချုပ်သည့် လုပ်ထုံး လုပ်နည်း ညွှန်ကြားချက်များ၊ ဘေးဥပဒ်ဖြစ်စေသော ဓာတုပစ္စည်းများကို လူနေရပ်ကွက်အနီး သိုလှောင်ခြင်း မရှိစေရန် ညွှန်ကြား ချက်များ ထုတ်ပြန်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပြု တင်ပြထားကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection