နေမုန်တိုင်း ကမ္ဘာသို့ ကျရောက်နိုင်

နေမုန်တိုင်း ကမ္ဘာသို့ ကျရောက်နိုင်

နေဂြိုဟ်မှ ပေါက်ကွဲမှုများကြောင့် ထွက်ပေါ်လာသော စူးရှပြင်းထန်သည့် အလင်းရောင်ဖြာထွက်မှုများသည် နေမုန်တိုင်းသဖွယ်ဖြစ်ပေါ်ကာ ကမ္ဘာ ပေါ်သို့ ယခုရက်ပိုင်းအတွင်း ကျရောက်နိုင်ကြောင်း နာဆာ အာကာသိပ္ပံ ပညာရှင်များက ဇန်နဝါရီ ၂၅ ရက်၌ ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ အလင်းတန်းများသည် ကမ္ဘာမြေ သို့ တစ်စက္ကန့်လျှင် ကီလိုမီတာ ၂၂၀ဝ နှုန်းခန့်ဖြင့် ကျရောက်လာမည်ဖြစ်ရာ ကမ္ဘာမြေ အထက်ဝန်း ကျင်တွင် သံလိုက်ဓာတ်များ ဖြစ်ပေါ်စေနိုင်ကြောင်း ၄င်းတို့က ပြောကြား သည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့် ကမ္ဘာမြေရှိ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးမှုကွန်ရက်များ ထိခိုက်နိုင်ပြီး ဆက်သွယ်ရေးစနစ်များနှင့် ဂြိုဟ်တုကွန်ရက်စနစ် ချိတ်ဆက်ထားမှုများကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ ထို့အတူ လေကြောင်းပျံသန်းမှုများ အနည်းငယ်ထိခိုက်နိုင်ပြီး နိုင်ငံတကာအာကာသယာဉ်စခန်းတွင်လည်း ပုံမှန် လုပ်ငန်းစဉ်များ အနှောင့်အယှက်ဖြစ်ပွားနိုင်သဖြင့်နိုင်ငံတကာအာကာသယာဉ်စခန်းပေါ်တွင်ရှိနေသောအာကာသ ယာဉ်မှူးခြောက်ဦးတို့အား လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် နာဆာမှ သတင်းပေးပို့ထားသည်။ နေမုန်တိုင်းကြောင့် ၁၉၇၂ ခုနှစ်က အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်တွင် တယ်လီဖုန်းဆက်သွယ်ရေး စနစ်များ အချိန်ကြာမြင့်စွာ ပြတ်တောက်သွားခဲ့ဖူးသည်။ ထို့အတူ ၁၉၈၉ ခုနှစ်ကလည်း နေမုန်တိုင်းဒဏ်ကြောင့် ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်တွင် ဒေသခံပြည်သူခြောက်သန်းခန့်သည် အချိန်ကြာမြင့်စွာ ဓာတ်အားပြတ် တောက်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ (အင်တာနက်)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection