အောင်ဘာလေ သိန်းထီဆု အက္ခရာ သုံးလုံး တိုးမြှင့်

ဖေဖော်ဝါရီလ အတွက် အောင်ဘာလေ သိန်းထီဆု အက္ခရာ သုံးလုံး တိုးမြှင့် ပေးအပ်သွားမည်

ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ထုတ်ပြန်ချက် အရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၇၇ ကြိမ်မြောက် အောင်ဘာလေ သိန်းထီ ဖွင့်ပွဲမှာ အက္ခရာ သုံးလုံး ထပ်မံ တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခင် ၂၇၄ ကြိမ်မြောက် အောင်ဘာလေ သိန်းထီ ဖွင့်ပွဲမှာ ဖွင့်လှစ် ရောင်းချ ပေးလျက်ရှိတဲ့ အောင်ဘာ လေ ထီစောင်တွေမှာ အက္ခရာ ၂၄ လုံး အနေနဲ့ က မှ ဘ ထိသာ သတ်မှတ် ထားခဲ့ပါတယ်။ ၂၇၅ ကြိမ်မြောက်နဲ့ ၂၇၆ ကြိမ်မြောက် ထီ ဖွင့်ပွဲမှာတော့ အက္ခရာ ၂၅ လုံး အဖြစ် က မှ မ အထိ တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး လာမယ့် ၂၇၇ ကြိမ်မြောက် ထီ ဖွင့်ပွဲ မှာတော့ အက္ခရာ ၂၈ လုံး အဖြစ် က မှ လ အထိ ထပ်မံ တိုးမြှင့် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို အက္ခရာတွေ ထပ်မံ တိုးမြှင့် ဖွင့်လှစ်ရခြင်းမှာ လက်ရှိ ထီဈေးကွက်မှာ ထီထိုးသူ များပြားစွာ ရှိလာတဲ့ အတွက် ထပ်မံ တိုးမြှင့် ဖွင့်လှစ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection