ဘိုးဘွားရန်ပုံငွေ စင်တင်ပွဲတွင် ဇေယျာသော် သီဆိုခွင့်မရ
ဘိုးဘွားများ စောင့်ရှောက်ရေး ဂေဟာ တခုအတွက် ရန်ပုံငွေပွဲတွင် မကြာခင်က အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ သော ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော် ဝင်ရောက်ဖျော်ဖြေခွင့် ပိတ်ပင်ခံရကြောင်း သိရသည်။
![]() |
ဒေါ်အောင်ဆန်းစုကြည့်နှင့်အတူ တွေ့ရသည့် အဆိုတော်ဇေယျာသော် |
ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်းတွင် စာရေးဆရာမ သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားသည့် “ဆည်းဆာရိပ်” အကူအညီမဲ့ ဘိုးဘွားများ စောင့်ရှောက်ရေး ရိပ်သာ ရန်ပုံငွေပွဲအတွက် “ဆည်းဆာအလှ ဖန်တီး ကြသူများ” အမည်ရှိ ဂီတ ဖျော်ဖြေပွဲတရပ်ကို လာမည့် သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပရန် စီစဉ်ထားသည်။မူလက ဇေယျာသော် အပါအဝင် တခြားအဆိုတော်များ၏ ရန်ပုံ ငွေစင် တင်ပွဲ ခွင့်ပြုမိန့် ရခဲ့ပြီးသော်လည်း ရန်ကုန် မင်္ဂလာ တောင်ညွန့် ရဲစခန်း တာ၀န်ရှိသူများက အထက်၏ စေခိုင်းချက်အရဟု ဆိုကာ ဇေယျာသော် ပါ၀င် သီဆိုပါက အဆိုပါ ပွဲခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းမည်ဟု ပြောဆိုလာကြောင်း သိရသည်။“ဘိုးဘွားတွေအတွက် ရန်ပုံငွေပွဲပျက်မှာ စိုးလို့ ကျနော် ဒီပွဲမှာ မဆိုပါဘူး ဆိုတာကို စီစဉ်သူတွေက လက်မှတ် ထိုးပေးခဲ့ရတယ်လို့ သိရပါတယ်” ဟု ဇေယျာသော်က ဧရာ၀တီကို ပြောသည်။ထို့ကြောင့် ဖျော်ဖြေပွဲ တွင် ဇေယျာသော်မပါဘဲ ကျန်အဆိုတော်များနှင့်သာ တင်ဆက်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ် သူများက ဆိုသည်။ ယခုကျင်းပမည့် စင်တင် တေးဂီတ ရန်ပုံငွေဖျော်ဖြေပွဲတွင် သီချင်းသီ ဆိုခွင့် မရသော်လည်း ဇေယျာသော်ကို အနုပညာလုပ်ငန်း လုပ်ကိုင်ခွင့်၊ သီချင်းသီဆိုခွင့်များ တရား၀င် ပိတ်ပင်ခြင်း မရှိကြောင်း သိရသည်။“ကျနော်က နိုင်ငံရေးတက်ကြွ လှုပ်ရှား သူဖြစ်လို့ သီချင်းဆိုခွင့် မပေးဘူး ဆိုရင်တော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ ကျနော့်ကို တော့ စာနဲ့ပေနဲ့ တရား၀င် အကြောင်းကြားတာ မရှိသေးပါဘူး။ လောလောဆယ် အခြေအနေ အထိ ဘာ အကြောင်း ပြချက်မှ မပေးဘူး။ ကျနော်ကတော့ ဒါ တရား၀င်တယ်လို့ မယုံကြည်ဘူး” ဟု ဇေယျာသော်က ပြောသည်။မြန်မာနိုင်ငံတွင် အနုပညာ သမားများအား အနုပညာလုပ်ငန်း လုပ်ခွင့် ပိတ်ပင်ခြင်းမျိုး ယခင်ကလည်း ရှိခဲ့ကြောင်း၊ ယခုချိန်အထိလည်း ရှိနေဆဲဖြစ်ကြောင်း၊ ယခင်ကတည်း က ပိတ်ထားပြီး ယခုအချိန်အထိ အနုပညာလုပ်ခွင့် မရသေး သူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြေရှင်းပုံ အဟောင်းအတိုင်း သွားမည် ဆိုလျှင် မြန်မာနိုင်ငံအတွက် အပြောင်းအလဲ မရှိသေးဘူးဟု ပြောရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အခုတည် ဆဲ အစိုးရဟာ ဒီမိုကရက် တစ် အစိုးရသာဖြစ်တယ်ဆိုရင် မတူညီတဲ့ ကွဲပြားမှုတွေကို နားလည်လက်ခံ ပေးရမှာ လေ။ ကျနော်တို့ရဲ့ ယုံကြည်ချက်တွေဟာ အခုတည်ဆဲ အစိုးရရဲ့ ရပ်တည်မှုတွေနဲ့ ကွဲလွဲကောင်း ကွဲလွဲ ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ လုပ်နေတဲ့အလုပ်တွေက ဥပဒေ ပြင်ပမှာ လုုပ်နေတာ မဟုတ်ပါဘူး” ဟု ဇေယျာသော်က ပြောသည်။
အဆိုတော် ဇေယျာသော်သည် မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Waves) ကို ဦးဆောင် လှုပ်ရှားခဲ့သူ တဦးလည်းဖြစ်ပြီး အစိုးရ အကျဉ်းထောင်ထဲတွင် ၃ နှစ်ကျော် နေထိုင်ခဲ့ရသည်။၎င်း အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တခြား တက်ကြွလှုပ်ရှား သူများနှင့် လက်တွဲကာ ဥပဒေ ဘောင်အတွင်း ၌ လူမှု ကူညီရေးလုပ်ငန်းများ၊ အများ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။ဇွန်လ ၁၉ ရက်နေ့က NLD ရုံးချုပ်တွင် ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ၌ ဇေယျာသော်က တက်ရောက် လာသူများ ကို သူ၏သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။