နှစ်ဆိတ်ဟိုင်း
ဘ၀ ဆိုတာ
ခဏလို့သာပြောကြတာ
နှစ်ဆယ်အသက်ပြည့်လှမ်းဖို့ရန်
တောင်အတက် ခရီးကြမ်းလို
အိပဲ့အိပဲ့နဲ့ ...။
နှစ်ဆယ်ကျော် လူဖြစ်လို့
အသက်ရယ် ခဏတာရပ်စေချင်ကာမှ
အဆင်းကို ဘီးတတ်ထားသလို
သုံးဆယ်ကို အုန်းကနဲဆိုပဲ...။
သုံးဆယ်ကျော်တော့
ပုန်းကွယ်ကာနေတာတောင်
ဘယ်တော့များလဲ အမေးခံရ၊
ရှောင်ဖယ်ကာနေပြန်ရင်လည်း
နောင်တကယ် တကိုယ်ထီးပဲ နေမှာလားတဲ့။
လေးဆယ်မပြည့်ခင် ဘေးဖယ်ကြ
ဈေးမ၀ယ်ကြဘူးဆို (အဲ ဘာမှလည်း မရောင်းပါဘူး)
ရပ်ကြည့်နေရုံနဲ့ အမြတ်မရှိပါဘူး၊
အကြောင်းသိအောင် ပေါင်းကြည့်ပါ။
ဒါဆိုပေါင်းကြည့်မယ်... ဟုတ်လား
ခက်လိုက်တာ မိန်းကလေးရယ်
ကဲ လေးဆယ်မပြည့်သေးဘူး၊ ဘေးဖယ်ပါဆို။
ဘ၀ ဆိုတာ
ခဏလို့သာပြောကြတာ
နှစ်ဆယ်အသက်ပြည့်လှမ်းဖို့ရန်
တောင်အတက် ခရီးကြမ်းလို
အိပဲ့အိပဲ့နဲ့ ...။
နှစ်ဆယ်ကျော် လူဖြစ်လို့
အသက်ရယ် ခဏတာရပ်စေချင်ကာမှ
အဆင်းကို ဘီးတတ်ထားသလို
သုံးဆယ်ကို အုန်းကနဲဆိုပဲ...။
သုံးဆယ်ကျော်တော့
ပုန်းကွယ်ကာနေတာတောင်
ဘယ်တော့များလဲ အမေးခံရ၊
ရှောင်ဖယ်ကာနေပြန်ရင်လည်း
နောင်တကယ် တကိုယ်ထီးပဲ နေမှာလားတဲ့။
လေးဆယ်မပြည့်ခင် ဘေးဖယ်ကြ
ဈေးမ၀ယ်ကြဘူးဆို (အဲ ဘာမှလည်း မရောင်းပါဘူး)
ရပ်ကြည့်နေရုံနဲ့ အမြတ်မရှိပါဘူး၊
အကြောင်းသိအောင် ပေါင်းကြည့်ပါ။
ဒါဆိုပေါင်းကြည့်မယ်... ဟုတ်လား
ခက်လိုက်တာ မိန်းကလေးရယ်
ကဲ လေးဆယ်မပြည့်သေးဘူး၊ ဘေးဖယ်ပါဆို။