၁၀ ကျပ်ဖြင့် မှတ်ပုံတင်ရရန် လဝကကိုယ်စား ကြံ့ဖွံ့အာမခံ

၁၀ ကျပ်ဖြင့် မှတ်ပုံတင်ရရန် လဝကကိုယ်စား ကြံ့ဖွံ့အာမခံ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မှတ်ပုံတင် မရှိသူအားလုံးကို ငွေ ၁၀ ကျပ်ဖြင့် မှတ်ပုံတင်ရရှိစေရန် ကူညီဆောင်ရွက်ပေးမည်ဟု အာမခံပြီး လူထုကို စည်းရုံးနေကြောင်း သတင်းရရှိသည်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရန်ကုန်မြို့တော်၀န်ဟောင်း ဦးအောင်သိန်းလင်း ဦးဆောင်သော ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီက တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြည်သူများ မှတ်ပုံတင် လွယ်ကူစွာ ရရှိလိုပါက ၎င်းတို့ပါတီကို တိုက်ရိုက်ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း၊ ထိုသို့ အကူအညီ တောင်းခံလာပါက ၁၀ ကျပ် ခန့်ဖြင့် မှတ်ပုံတင်ရရှိစေရန် ကြံ့ဖွံ့ပါတီက အခမဲ့ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း စသည့် အချက်များ ပါဝင်သော ကြံ့ဖွံ့တံဆိပ်ပါ လက်ကမ်းကြော်ငြာများကို တောင်ဥက္ကလာပ လိုက်လေံ၀ငှ နေသည်။

“ရပ်ကွက်တိုင်းမှာ ကြံ့ဖွံ့က လက်ကမ်းကြော်ငြာတွေ ေ၀တယ်။ မှတ်ပုံတင်မရှိရင် သူတို့ပါတီကလုပ်ပေးမယ်၊ ကြားပွဲစားနဲ့ မှတ်ပုံတင် မလုပ်နဲ့ ဆိုပြီး သတိပေးထားတယ်” ဟု တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။

အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လျှောက်ထားမှု အတွက် ငွေ ၆ ကျပ်ဖြင့် လည်းကောင်း၊ အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ်ခြင်းအတွက် ငွေ ၃ ကျပ်ဖြင့် လည်းကောင်း၊ မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးမှုကြောင့် ပြန်လည် လျှောက်ထားမှုအတွက် ငွေ ၁၀ ကျပ် ဖြင့် လည်းကောင်း ကြံ့ဖွံ့ပါတီက ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။

“မှတ်ပုံတင်အတွက် ၆ ကျပ်၊ ၃ ကျပ်၊ ၁၀ ကျပ် ဆိုတဲ့ ပိုက်ဆံက လ၀က (လူ၀င်မှုကြီးကြပ်ရေးရုံး) ကို သွင်းရမယ့် ငွေပါ။ ပါတီကို တပြားမှ ပေးစရာမလိုဘူး။ စာရွက်စာတမ်း အပြည့်အစုံနဲ့ဆိုရင် နေ့ချင်းပြီး ဒါမှမဟုတ် တလအတွင်း ရအောင် ဆောင်ရွက် ပေးမယ်” ဟု ကြံ့ဖွံ့ပါတီ ရပ်ကွက်စည်းရုံးရေးမှူး တဦးက ပြောသည်။

လူ၀င်မှုကြီးကြပ်ရေး၏ လုပ်ငန်းစဉ်များကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖြစ် အသုံးချနေခြင်းသည် လက်မခံနိုင်သော လုပ်ရပ် တခုဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ပါတီ၀င်တဦးက ဝေဖန်သည်။

“နိုင်ငံရေး ပါတီတခု အနေနဲ့ နိုင်ငံတော်ပိုင်ပစ္စည်း၊ ငွေကြေး၊ လုပ်ငန်းတွေကို ပါတီပိုင်အဖြစ် အသုံးပြုရင် နိုင်ငံရေး ပါတီအဖြစ်က ဖျက်သိမ်းခံရမယ်လို့ ရွေးကောက်ပွဲ ဥပဒေထဲမှာ တရား၀င် ပြဋ္ဌာန်းထားပြီးသား။ လူ၀င်မှု ကြီးကြပ်ရေးရဲ့ လုပ်ငန်းကို ပါတီ စည်းရုံးရေးအဖြစ် အသုံးချတာ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်တာပါပဲ။ ဒါကို ကော်မရှင်က အရေးယူသင့်တယ်” ဟု ပြည်တွင်းအခြေစိုက် နိုင်ငံရေးသမားတဦးက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် လာမည့်ရွေးကောက်ပွဲတွင် ယခင်ထက် သန့်ရှင်းမျှတစေရန် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ကြံ့ဖွံ့ပါတီက အစိုးရ၏ အရှိန်အ၀ါကို အသုံးပြုပြီး တရားမျှတမှုမရှိသော စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲလိမ်၊ မဲခိုးမှုများ ပြုလုပ်ခဲ့သော်လည်း အရေးမယူခဲ့ကြောင်း၊ အခုလည်း အခြေခံ အကျဆုံးသော ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးများတွင် ကြံ့ဖွံ့ပါတီမှ လူများကို ထည့်ထားကြောင်း၊ ပြည်သူပိုင် လုပ်ငန်းများအား ပါတီ စီးပွားရေး အဖြစ် လုပ်ကိုင်သည်သာမက၊ ပြည်သူပိုင် ငွေကြေးနှင့် ကျောင်းဆောက်၊ ဘုရားတည်ကာ ပြည်သူကို ပြန်လည် စည်းရုံးကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာအများစုအနိုင်ရရှိခဲ့သော ကြံ့ဖွံ့ပါတီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်သွားသော မဲဆန္ဒနယ် ၄၂ နေရာ၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီက အပြည့်အ၀ ပါ၀င်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection