Shutdown Virus ရေးသားခြင်း
တစ်ချို့ Virus မိမှာ အရမ်းကြောက်ပါတယ် ဒါပေမယ့် မေးကြည့် Virus ဆိုတာဘာလဲ ဆိုရင် ရေရေ ရာရာ မပြောနိုင်ပါဘူး။
Virus ဆိုတာ လွယ်လွယ်ပြောရရင် ( ခက်ခက်လဲ မပြောတတ်ပါ။ :P ) ပုံမှန် အလုပ်လုပ်နေတဲ့ ကွန်ပြူတာကို ဖိုင်တစ်ခုခု ကြောင့် အနှောင့် အယှက် ဖြစ်စေမယ်ဆိုရင် အဲဒီဖိုင်ဟာ Virus လို့ ခေါ်နိုင်ပါတယ်။ Window system များ ပျက်စီးပြီး ၊ data များဆုံးရှုံးသည် အထိဖြစ်နိုင်ပါတယ်။
အလွယ်ဆုံးနဲ့ အန္တရယ်အကင်းဆုံးက စရေးကြရအောင် ..... shutdown virus ကို တွေ့ဖူးနေကြပါ

( ကျနော်လည်း ယောင်တောင်တောင်နဲ့ မိဘူးပါတယ် )
အရင်ဆုံး Desktop ပေါ်မှာ R-click လုပ်ပြီး New - Shortcut ကို click ပါတယ် ။ New shortcut ဆိုတဲ့ icon နဲ့ အတူ Creat shortcut ဆိုတဲ့ box ပေါ်လာပါတယ်။
Text box နေရာလေးမှာ ဒါလေးကို ရိုက်ထည့်ပေးပါ ။ (space ခြားတာ မှန်ဖို့ လိုပါတယ်။)
shutdown -s -t 60 -c "WARNING a virus has been detected on your computer, emergency shutdown initiated"
(60 ဆိုတာက မိမိ ဘယ်လောက် အချိန် အတွင်းမှာ shutdown ကျသွားစေချင်လဲ ဆိုတဲ့ စက္ကန့် ဖြစ်ပါတယ်။
" " ကြားထဲက စာသားကတော့ ကြိုက်တာရေးနိုင်ပါတယ်။ )
Next နှိပ်လိုက်ရင် Select a Tittle for the program ဆိုတဲ့ box ပေါ်ပါတယ်။ နာမည်ကို လည်းကြိုက်တာပေးပါ။ ပြီးရင် finish ပေါ့။
မိမိပေးလိုက်တဲ့ နာမည်နဲ့ ပေါ်လာတဲ့ shortcut လေးကို R-Click လုပ်ပြီး properties နှိပ်ပါတယ်။ Change icon ဆိုတာလေး click ပြီး icon ပြောင်းပေးပါ။
တစ်ခါမှ မမြင်ဘူးတဲ့ icon ဆိုရင်တော့ ဘယ်သူ ဖွင့် ကြည့် ပါ့မလဲ နော်.. ။ ကျနော်ကတော့ JPEG icon လေးပဲ ရွေးလိုက်ပါတယ်။ Desktopn ပေါ်မှာ photo လေးတစ်ခု အတိုင်းဖြစ်နေပါတယ်။
Run ကြည့် ရအောင်ဗျာ .... ။
D-click ပေးလိုက်တာနဲ့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါတယ် ။ မသိရင်တော့ တော်တော် လန့်သွားမှာဗျ ။ ဘယ်နေရာမှ လည်း နှိပ် လို့ မရဘူး၊ ဘာနဲ့ မှလည်း
ပိတ်လို့မရပါဘူး ။ ဒါဆို ဒီအတိုင်း shutdown ကျသွားတာကို ထိုင်ကြည့်နေမှာလား .....။ ဟဲဟဲ
run လေးကို ခေါ်ပြီး shutdown -a လို့ သတ်မှတ်ချိန် မပြည့် ခင်လေးမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ shutdown virus ပြန်ပိတ်သွား ပါလိမ့်မယ်။
စမ်းကြည့်နိုင်ပါတယ် အန္တရာယ်ကင်းပါတယ်။
စမ်းကြည့်နိုင်ပါတယ် အန္တရာယ်ကင်းပါတယ်။