Gtalk အလိုအလျောက်ပြန်လည်ဖြေကြားစနစ်

Gtalk အလိုအလျောက်ပြန်လည်ဖြေကြားစနစ်

သူငယ်ချင်းတို့ရေ......... Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။ Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။ လုပ်ပုံအဆင့်ဆင့်ကဒီလိုပါ... 
  1. အရင်ဆုံး ဒီ Link ကိုသွားလိုက်ပါ။ (ဒီ link ,, http://answer.im/setup ကို သွားပါ။) 
  2. ထို Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကိုရွေးရန်ဖြစ်ပါသည်။ Gtalk တွင်ပြုလုပ်လိုပါက Gtalk ကိုရွေးရန်ဖြစ်ပါသည်။ 
  3. Gtalk Password နှင့် User Name ကိုသုံး၍ဝင်ရန်ဖြစ်သည်။ (Note: @gmail.com @googlemail.com ထည့်ရမည်။) 
  4. ကိုလိုချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကိုရိုက်ရမည်။ ထို့နောက် Authorise people ကို အမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။ 
  5. "Changes Saved. Your Answer Machine is setup. You May Exit Now." ဟုပေါ်လာပါက General, Messages, Notifications, Contacts, တို့၏ဘေးတွင်ရှိသော "EXIT" ကို Click လုပ်ပါ။ အားလုံးပြီးသွားပါပြီ။ 
မိမိသူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက auto reply လုပ်ပေးပါလိမ့်မယ်။ မိမိမရှိတဲ့အချိန်မှာ ပြောထား သမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ "Click here to return to the home page" ဆိုတဲ့ စာမှ "here" ကို Click လုပ်ပါ။ ပြီးရင် အဆင့် ၃ အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ "Messages" ကို Click လုပ်ပါ။ ဒါဆိုရပါပြီ။




Gmail မှာ Holiday Time! သတ်မှတ်ပေးထားရင် အလိုအလျှောက် စာပြန်ပေးပါတယ်။ ဘာကြောင့် လောလောဆယ် စာမပြန်နိုင်တာ အသိပေးနိုင်တော့ တစ်ဖက်ကလည်း မမျှော်ရတော့ဘူးပေါ့ :-)

အင်တာနက် ကွန်နက်ရှင် မရှိတဲ့ဒေသ တွေဆီသွားမယ်ဆို စသွားမယ့်ရက် နဲ့ ပြန်ရောက်မယ့်ရက် ရွေးပေး ပြီး ပြောပြစေလိုတဲ့ စာသားဖြည့်ထားရင် သတ်မှတ်ရက် အတွင်းမှာ Gmail က အ၀င်စာတွေကို စာပြန်ပေး နေပါလိမ့်မယ်။

မူရင်း ဂျီမေးလ် မှာ labs icon သို့ setting \labs \Holiday Time! မှာ enable လုပ်ပြီး setting save လုပ်ပေးလိုက်ပါ။ Standard version သုံးနေမှ တွေ့ရပါမယ်။

နောက်တစ်ဆင့်မှာ setting \general \Out of Office AutoReply သွားပြီး on mode ကို ရွေးရပါတယ်။ ရက်စွဲ၊ခေါင်းစဉ်၊အကြောင်းအရာ တွေ စိတ်ကြိုက် ချိန်ညှိပြီး contacts က မေးလ်ဘဲ ပြန်စေမလား အ၀င်စာ အားလုံး ပြန်စေမလား ဆုံးဖြတ်ပြီးရင် ခရီးထွက်နိုင်ပါပြီ။

ခရီးက ပြန်ရောက်လာရင် အရင်ဆုံး မိမိ မေးလ်ကို ဘယ်သူ ဟက်ထားသေးလည်း စစ်ကြည့်လိုက်ပါဦး။
Mail login ၀င်ပြီး Browser အောက်နားက Last account activity မှာ detail ကိုနှိပ်ပြီး မိမိမဟုတ်တဲ့ IP မသုံးတဲ့ access နည်းလမ်းတွေနဲ့ ဘယ်အချိန်က ၀င်ထားလည်း ကြည့်နိုင်ပါတယ်။ ထူးခြားချက် တွေ့ရင် sign out all other session ကိုနှိပ်လိုက်ပါ။ စိတ်မချရသေးရင် learnmore ကိုနှိပ်ပြီး ပြောင်းလို့ ရတဲ့ security setting အကုန်ပြောင်း ဂူဂယ်ကိုပါတိုင်ပေါ့။ ပြောမယ့်သာပြောရတယ် ဒီလိုမဖြစ် စေချင် ပါဘူး လုံခြုံရေး အရ မသိထားသူ သိရအောင်လို့ပါ။ Gmail ဟာ လုံခြုံမှုအရှိဆုံး နဲ့ အကောင်းဆုံး free service ပါ။ ယုံကြည်စိတ်ချ ခရီးသွားလို့ ရပါတယ် :-)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection