တောင်ကိုရီးယား မရိန်းတပ်တွင် အချင်းချင်း ပစ်ခတ်မှုဖြစ်ခြင်း
တောင်ကိုရီးယားမြို့တော် ဆိုးလ် (Seoul) ၏ အနောက်ဘက်တွင်ရှိသော ဂန်းဝှာကျွန်း (Ganghwa Island) တွင် မရိန်းတပ်ကြပ် (corporal) တစ်ယောက်သည် မိမိ၏ တပ်ဖွဲ့ဝင်များအား ကေနှစ်ရိုင်ဖယ် (K-2 rifle) သေနတ်ဖြင့် ပစ်ခတ်ရာ တပ်ကြပ်ကြီး (staff sergeant) တစ်ဦးနှင့် အခြားမရိန်း တပ်ဖွဲ့ဝင်နှစ်ဦးတို့ ပွဲချင်းပြီး သေဆုံးပြီး အခြားတစ်ဦးမှာ ဆေးရုံသို့ သွားရာလမ်းခရီးတွင် သေဆုံးသွားသည်။
အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားသော ကျွန်းသည် တောင်နှင့် မြောက် ကိုရီးယားရေနက်ပိုင်နက် နယ်ခြားအနီးတွင်ရှိသည်။
အချင်းချင်း ပစ်ခတ်မှုသည် ဂန်းဝှာ ကျွန်းပေါ်ရှိ စခန်းတွင် ဖြစ်ပွားခဲ့သည်။
သေနတ်ပစ်ခတ်သူ အသက် ၁၉ နှစ်အရွယ်ရှိ တပ်ကြပ် (Corporal) မှာ လက်ပစ်ဗုံး ပေါက်ကွဲမှု ဒဏ်ရာရရာ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှု ဖြစ်ပုံရသည်။
အချင်းချင်း ပစ်ခတ်မှုသည် ဂန်းဝှာ ကျွန်းပေါ်ရှိ စခန်းတွင် ဖြစ်ပွားခဲ့သည်။
သေနတ်သမား၏ အမည်အား မိသားစု နာမည် ကင် (Kim) တစ်လုံးသာ သိရသေးသည်။ တပ်ကြပ်ကင် (Corporal Kim)သည် လက်ပစ်ဗုံး ဒဏ်ရာကြောင့် မေးခွန်းများ ဖြေကြားခြင်း မပြုနိုင်သဖြင့် သေနတ်ပစ်မှု၏ အကြောင်းရင်းအား မသိရကြောင်း မရိန်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ကင်ထေးယွန်း (Kim Tae-eun) က ပြောသည်။
ယခင်နှစ်များတွင်လည်း ယင်းဖြစ်ရပ်မျိုးရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အသက်ငယ်ရွယ်သူ စစ်သားတစ်ဦးက လက်ပစ်ဗုံးခွဲပြီး သေနတ်ဖြင့် ပစ်ခတ်သောကြောင့် အိပ်ပျော်နေသူ တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရသည်။
၂၀၀၈ ခုနှစ်တွင် တပ်သား (private) တစ်ဦးသည် မိမိ၏ တပ်မှ သူများအိပ်ပျော်နေစဉ် လက်ပစ်ဗုံးနှင့် ပစ်သဖြင့် ငါးဦး ဒဏ်ရာရသည်။
Ref : Internet
S Korean marine 'kills four on Ganghwa island base' (BBC News)
S Korean marine kills three while on duty (BBC News)