မိုးကြိုကာလဖြစ်၍ ရေလုပ်သားများ သဘာ၀ဘေး ကျရောက်လွယ် ဒေသနေသူများ မိုးလေ၀သ သတင်းကို ပိုမို စိတ်၀င်စား
ယခုအခါတွင် မိုးကြိုကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သဖြင့် ရေလုပ်သားများနှင့် သဘာ၀ဘေးအန္တရာယ် ကျရောက် လွယ်သော ဒေသများ၌ နေထိုင်ကြသူများ အနေဖြင့် မိုးလေ၀သ သတင်းနှင့် မုန်တိုင်း အခြေအနေကို စိတ်၀င်စားမှု ယခင်နှစ်ကထက် ပိုမို များပြားလာကြောင်း ဂီရိမုန်တိုင်းဒဏ် ခံခဲ့ရပြီးနောက် ယခုကဲ့သို့ စိတ်၀င်စားမှု ပိုလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
''အရင်ကတော့ မုန်တိုင်းသတင်း ဆိုလည်း သာမန်လောက်ပဲ စိတ်၀င်စားကြတာလေ။ အခုဆိုရင် ရေဒီယိုတို့၊ တီဗွီတို့မှာ ရာသီဥတုသတင်း မိုးလေ၀သသတင်းကို ပိုနားထောင်ကြ တယ်။ အာရုံစိုက်လာကြတယ်။
ရေလုပ်သားတွေဆိုရင် လှေပေါ်မှာ ရေဒီယိုတစ်လုံးတော့ မဖြစ်မနေ ယူသွားကြတယ်။ ဒါဟာကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါ။ မုန်တိုင်းအန္တရာယ်ကို အဓိက ကြောက်တတ် လာကြတယ် ဆိုတာကလည်း ဂီရိဒဏ်သင့် ဒေသက သက်သေအထင်အရှား ရှိနေတော့ သတိထားတာ ကောင်း တာပေါ့ဗျာ။ ဒါပေမယ့် မုန်တိုင်းသင့် ဒေသရဲ့ ဒေသခံတွေ ကလည်း မိုးမကျခင် ကြိုတင်ပြင်ဆင်ထားနိုင်မှု အားနည်းနေသေးတော့ အဲဒါတွေကို တွေးကြောက်ကြတာလည်း ရှိကြမှာပေါ့''ဟု လေ့လာသူတစ်ဦးက သုံးသပ် ပြောဆိုခဲ့ပါသည်။