ကျန်းမာသက်ရှည်လိုသူတိုင်း

ကျန်းမာသက်ရှည်လိုသူတိုင်း ချမှတ်ထားသင့်သည့် အချက်များ


ကျန်းမာသက်ရှည်လိုသူတိုင်း ချမှတ်ထားသင့်သော




၁) စားသောက်သော အတိုင်းအတာကို ထိန်းချုပ်ခြင်း

သင်ရဲ့ ကိုယ်လုံးကိုယ်ထည်ကို ကျန်းမာရေးနဲ့ အညီ ထိန်းနိုင်ဖို့ ကြိုးစားနေပါသလား။ သင်စားတဲ့ ထမင်းပန်း ကန်ကို ဂရုစိုက်လိုက်ပါ။ လေ့လာမှုတွေ အရ ထမင်းပန်းကန်ကို သေးငယ်တာ ရွေးချယ် လိုက် တာက အစားအစာကို အလွန်အကျွံ မစားဖြစ်တော့ တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျအောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

၂) တက်တက်ကြွကြွ နေထိုင်ခြင်း

သဘာဝအတိုင်း သွယ်လျသူတွေရဲ့ အလေ့အထ တစ်ရပ်က တက်တက်ကြွကြွ နေထိုင်တတ်တာပါပဲ။ နေ့စဉ် မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှား လုပ်ဖြစ်အောင် လုပ်ဆောင်ပါတယ်။ အဲဒီလို လေ့ကျင့်ခန်း လုပ်တာ ကြောင့် ရရှိလာနိုင်တဲ့ အခွင့်အရေးကတော့ အမြဲ ကျန်းမာစိုပြေနေတာပဲ ဖြစ်ပါတယ်။

၃) ဆိုဒီယမ်ကို လျှော့စားခြင်း

လေ့လာမှုများစွာအရ အမေရိကန်လူမျိုး အများစုဟာ သတ်မှတ်ထားတဲ့ ဆိုဒီယမ် ပမာဏထက် နှစ်ဆနီးပါး စားသုံးလေ့ရှိကြောင်း သိရပါတယ်။ ဆားကို တစ်နေ့မှာ လက်ဖက်စားဇွန်း တစ်ဇွန်းလောက်ပဲ စားသင့်ပေမယ့် အဲဒီထက် ပိုစားတာကြောင့် လေပွတာအပြင် သွေးတိုးလာနိုင်ပါတယ်။ ဆိုဒီယမ်နည်းတဲ့ အစားအသောက် တွေက နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေကာ သွေးဖိအားကို လျော့နည်းစေတဲ့ အပြင် ကိုယ်အလေးချိန် ကိုပါ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

၄) အင်တီအောက်ဆီးဒင့်ကို များများ မှီဝဲခြင်း

ခန္ဓာကိုယ်ဟာ အစာတွေကို ချေဖျက်လိုက်တဲ့အခါ ဖရီးရယ်ဒီကယ် ဆိုတဲ့ မော်လီကျူးတွေကို ထုတ်ပါတယ်။ စီးကရက်မီးခိုးနဲ့ တခြား ဓာတ်ရောင်ခြည်တွေဟာလည်း ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကို ထွက်စေ ပါတယ်။ အချိန်ကြာလာတဲ့အခါမှာ ဖရီးရယ်ဒီကယ်တွေရဲ့ ထိခိုက်မှုကြောင့် ကူးစက်ပိုးဝင်တဲ့ အခြေအနေ၊ ကင်ဆာရောဂါ၊ ရောင်ရမ်းမှုနဲ့ နှလုံးရောဂါ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်နိုင်တာကြောင့် ကျန်းမာဖို့အတွက် အင်တီအောက်ဆီးဒင့်က အရေးပါနေပါတယ်။ ပန်းသီး၊ သလဲသီး၊ ဆီး(ဇီး)သီးစတဲ့ သစ်သီးတွေနဲ့ ဟင်းသီး ဟင်းရွက်တွေထဲမှာ အင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်နေပါတယ်။

၅) ဆေးလိပ်ကို လုံးဝရှောင်ခြင်း

ဆေးလိပ်သောက်သူတွေ အနေနဲ့ ဆေးလိပ်ကို ဖြတ်ဖို့ ကြိုးစားရတာ ခက်ခဲပေမယ့် ဆေးလိပ်ပြတ်ရင် ရမယ့် အကျိူးကျေးဇူးတွေ ကတော့ အများကြီးပါ။

၆) သွားကြားပွတ်ကြိုးကို သုံးခြင်း

သွားနဲ့ခံတွင်း ကျန်းမာရေးကို အလေးမထားရင် သင့်ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကြောင့် ပြင်းထန် ဆိုးရွားတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သွားကျန်းမာစေဖို့ လုပ်သင့်တဲ့ အကျင့်တစ်ခုက သွားကြားထဲ က ဘက်တီးရီးယားတွေနဲ့ သွားချေးတွေ ကင်းအောင် သွားကြားပွတ်ကြိုးကို သုံးပေးတာပဲ ဖြစ်ပါတယ်။

၇) နေရောင်ကာခရမ် လိမ်းခြင်း

နေရောင်ခြည်ဒဏ်ဟာ လူတိုင်းကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသားကင်ဆာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ငယ်ငယ်ကတည်းက ခံခဲ့ရတာကြောင့် အသက် ၅၀ ကျော်လာတဲ့အခါမှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေများလာကြောင်း သိရပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ အညိုရောင် အစက် အပြောက်တွေကို ဖြစ်စေပြီး ပါးရေတွန့်တာ၊ အရေးကြောင်းထင်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိုးအုံ့နေတဲ့ နေ့ရက်တွေမှာတောင် နေရောင်ကာ ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

၈) သန်စွမ်းအောင် လေ့ကျင့်ခြင်း

တစ်နေ့တည်းမှာ ၁၀ မိနစ်လောက် အလေးမတာလို သန်စွမ်းအောင် လေ့ကျင့်ခန်း လုပ်တာက စွမ်းအင်တိုး စေပြီး အရိုးတွေ သန်စွမ်းကာ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ အလေးမ,မနိုင်ရင်လည်း ကိရိယာ လွတ် လေ့ကျင့်ခန်း လုပ်ရင် အဆင်ပြေပါတယ်။

၉) ကိုယ့်ကိုယ်ကိုယ် အကောင်းကိုသာ မျှော်လင့်ခြင်း

မိမိကိုယ်ကိုယ် အကောင်းတွေကိုပဲ မျှော်လင့်ထားတာဟာ စိတ်ရော ကိုယ်ကိုပါ ကျန်းမာအောင် အထောက်အပံ့ ပေးနေပါတယ်။ ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာတွေ ကြုံတွေ့နေရရင် တရားထိုင်ပြီး စိတ်တည်ငြိမ် အေးချမ်း အောင် ကြိုးစားသင့်ပါတယ်။


ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection