ဂျီအက်စ်အမ်ဖုန်း နေ့ချင်းပြီး လျှောက်ထား မှုကြောင့် ဟန်းဆက် အရောင်းသွက်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း များနှင့်ပြင်ပ ကုမ္ပဏီများတွင် နေ့ချင်းပြီး One Stop Service စနစ်များဖြင့် ဖုန်းကတ် လျှောက်ထား နိုင်မှုကြောင့် ဈေးကွက် အတွင်းရှိ GSM ဟန်းဆက် ဈေးကွက်မှာယခင်ကထက် ပိုမိုအရောင်း သွက်လာနိုင်ကြောင်း မိုဘိုင်း ဖုန်းအရောင်းဆိုင်များမှ သိရှိရသည်။ အဆိုပါ ကျပ်ငါးသိန်းတန် GSM ဖုန်းများမှာ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့မှ စတင်ချထားပေး ခဲ့ခြင်းဖြစ်ရာ ထိုအချိန်က GSM ဟန်း ဆက်ဈေးကွက်မှာ သိသာစွာရောင်း အားတက်လာခဲ့ခြင်း မရှိသော်လည်း ယခုအခါ နေချင်းပြီး စနစ်များဖြင့် ဆက်သွယ်ရေး လုပ်ငန်း နှင့် ပြင်ပကုမ္ပဏီ များတွင် ချိန်တိုအတွင်း လျှောက်ထား အသုံးပြုနိုင်မည် ဖြစ်သဖြင့် ရောင်းအား တက်လာနိုင်ကြောင်း သိရသည်။ ယင်းသို့ ရောင်းအား ကောင်းလာနိုင်ကြောင်းကို လူကြီးမင်း ဖုန်းဆိုင်မှ မန်နေဂျာဦးစည်သူက “အခုလိုနေ့ချင်းပြီး စနစ်တွေနဲ့ ချထားပေးတော့ ဖုန်း ဝန်ဆောင်ခ တွေလည်း လျှော့ကျလာတယ်။ လျှောက်ထားသူတွေ အတွက်လည်း ပိုအဆင် ပြေလာတယ်။ ဟန်းဆက်ဘက်မှာလည်း GSM တွေရောင်းအား ကောင်းလာနိုင်ပါတယ်။
သုံးစွဲသူတွေက GSM တွေကို အရင် ကတည်းက ကြိုက်ပြီးသားပါ။ GSM တွေက နည်းပညာပိုင်းမှာလည်း အ ခြားဖုန်း တွေ ထက်မြင့်ပါတယ်။ ဒါပေ မဲ့ CDMA 800 MHz ဖုန်းတွေ ပေါ လာတော့ GSM ဟန်းဆက်ဈေး ကွက်က တော်တော် ဒုက္ခရောက်ခဲ့ပါ တယ်။ 800 MHz ဖုန်းတွေက ရန်ကုန်မှာ လိုင်းဆွဲအားကောင်းတော့ 800 MHz ဟန်းဆက်လောက်သာ အဝယ်ရှိပြီး GSM ဟန်းဆက်တွေ အဝယ်နည်းခဲ့ပါတယ်။ အခု CDMA ဖုန်းကတ်တွေလျှောက်လို့မရတော့ဘူး ဆိုတော့ ဟန်းဆက်ကိုင်ချင်ရင် GSM တွေပဲ မဖြစ်မနေကိုင်ရမှာပါ။ ဒါကြေင့်နောက်ပိုင်း ဆိုဒီဟန်းဆက် တွေ ပိုအရောင်း သွက်လာနိုင်ပါ တယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် CDMA အသုံးပြု နိုင်သော မြို့နယ်မှာ GSM အသုံးပြု နိုင်သော မြို့နယ်များထက် များပြား နေသော်လည်း နောက်ပိုင်းတွင် CDMA ကွန်ရက်များနည်းတူပြုလုပ် ပေးမည်ဖြစ်သောကြောင့် GSM ကွန် ရက်များကျယ်ပြန့်လာပြီး ယင်းဟန်း ဆက်များပါ ပိုမိုအရောင်းသွက်လာနိုင် ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးသော GSM ဖုန်းအားလုံးကို ဇွန်လ (၂၁) ရက်နေ့မှစပြီး ကျပ်ငွေတစ်သောင်း ပေးသွင်းရုံဖြင့် အင်တာနက် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထိုသို့ GSM ဖုန်းများတွင် အသုံးပြုခွင့်ပေးသော အင်တာနက်လိုင်းမှာ EDGE(Enhanced Data Rates For GSM Evolution) စနစ်ဖြစ်ပြီး လာရောက် လျှောက်ထားသူတိုင်းကို အကန့်အသတ်မရှိ နေ့ချင်းပြီး စနစ်ဖြင့် ချထားပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ EDGE စနစ်အား လတ်တလောတွင် ရန်ကုန်နှင့် နေပြည်တော် နှစ်မြို့ တွင်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် GSM ဖုန်း အသုံးပြုနိုင်သော မြို့ကြီးများအားလုံးတွင် အသုံးပြုနိုင်ရန် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ "GSM ဖုန်းတွေကို EDGE စနစ်နဲ့ အင်တာနက် အသုံးပြုခွင့်ပေးလိုက်ပါပြီ။ လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ (၁၅) သိန်း (၅) သောင်းတန်ကော (၅) သိန်းတန် ဖုန်းတွေပါ အားလုံး အင်တာနက် လိုင်းဖွင့် လျှောက်ထားနိုင်ပါတယ်။ လောလောဆယ်တော့ စဖွင့်ခါစမို့လို့ မြို့နှစ်မြို့မှာပဲ လိုင်းဖွင့် ပေးတာပါ" ဟု ၎င်းက ဆိုသည်။
အဆိုပါ EDGE စနစ်မှာ CDMA 800 MHz ဖုန်းတွင် အင်တာနက် အသုံးပြုနိုင်သော EVDO စနစ်ကဲ့သို့ Modem ခံစရာ မလိုဘဲ အင်တာနက် တိုက်ရိုက် အသုံးပြုနိုင်ပြီး RUIM ကတ်လဲစရာ မလိုဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ အင်တာနက်လိုင်း ဖွင့်ပေးမည် ဖြစ်ကြောင်းကို "ဒီ EDGE စနစ်က 800 MHz ဖုန်းတွေရဲ့ EVDO စနစ်လို ကတ်လဲစရာ မလိုပါဘူး။ လက်ရှိကတ်နဲ့ပဲ အင်တာနက် အသုံးပြုနိုင်အောင် လုပ်ပေးတာပါ။ အင်တာနက် အသုံးပြုခတော့ တစ်မိနစ် (၄) ကျပ် ကျသင့်မှာ ဖြစ်ပြီး CDMA 800 လိုပဲ ဖုန်းကြိုတင်ငွေဖြည့်ကတ်ကနေ ဖြတ်သွားမှာပါ။ Speed အနေအထားကတော့ EVDO ထက် နည်းနိုင်ပါတယ်" ဟု ရွှေဂုံတိုင် ဆက်သွယ်ရေးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ GSM ဖုန်းများ အင်တာနက်လိုင်းဖွင့်ရာတွင် ဇွန် (၂၀) ရက်နေ့အထိ ကတ်ထုတ်ခဲ့သော GSM အားလုံးမှာ ရွှေဂုံတိုင် ဆက်သွယ်ရေးတွင်သာ လျှောက်ထားရမည် ဖြစ်ပြီး ဇွန်(၂၁) ရက်နေ့မှ စပြီး ကတ်ထုတ်သူများအနေဖြင့် အခြား ဆက်သွယ်ရေးလုပ်ငန်းများနှင့် GSM Simcard ထုတ်ပေးသော ကိုယ်စားလှယ်ကုမ္ပဏီများတွင် ကတ်ထုတ်သည့်အချိန်၌ တစ်ပါတည်း အင်တာနက်လိုင်း ဖွင့်နိုင်ကြောင်း သိရသည်။ "ကျွန်တော်တို့ဆီမှာ ဇွန်လ (၂၁) ရက်နေ့ကစပြီး နေ့စဉ် GSM ကတ်ထုတ်သူတွေကို တစ်ခါ တည်း အင်တာနက်လိုင်း ဖွင့်ပေးပါတယ်။ ဖုန်းကတ် လာလျှောက်တဲ့ ရက်ကျော်သွားရင်တော့ ဒီမှာ လျှောက်လို့မရ တော့ဘူး။ ရွှေဂုံတိုင်ရုံးမှာပဲ သွားလျှောက်ရမှာပါ" ဟု Elite Tech မှ ဦးဇော်မိုးထွန်းက ပြောသည်။

GSM ဖုန်းများကို ဇွန် (၂၁) ရက်နေ့တွင် အင်တာနက်လိုင်း စတင် ဖွင့်ပေးလိုက်သော်လည်း သိရှိသူနည်းပါးသောကြောင့် စဖွင့်သောနေ့တွင် ရွှေဂုံတိုင်ဆက်သွယ်ရေးစခန်း၌ လာရောက် လိုင်း ဖွင့်သူ နည်းပါးကြောင်းကို "EDGE စနစ် စဖွင့်ပေးတဲ့နေ့က လာလျှောက်တဲ့သူ အယောက်(၂၀) လောက်ပဲ ရှိပါတယ်။ ဒီစနစ်ဖွင့်ပေးတာ သိရင်တော့ လျှောက်တဲ့သူ များနိုင်ပါတယ်။ လက်ရှိတော့ မနက်ငွေသွင်းရင် ညနေအင်တာနက် ဖွင့်ပေးတယ်" ဟု အဆိုပါစနစ် သွားရောက် လျှောက်ထားသူ ဦးအောင်သူက ပြောသည်။ ယင်း EDGE စနစ်အား လျှောက်ထားလိုပါက မှတ်ပုံတင်မူရင်းမိတ္တူ၊ ဖုန်းကတ် ထုတ်ယူစဉ်က ရရှိထားသော စာရွက်စာတမ်းများဖြင့် လျှောက်ထားနိုင်ပြီး တစ်ဆင့်ခံ ဝယ်ယူထားသူများ အနေဖြင့် ဝယ်ယူထားသော စာချုပ်နှင့် အမည်ပေါက်ပိုင်ရှင် မှတ်ပုံတင်မူရင်း၊ မိတ္တူတို့ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။