Air KBZ ပိုင် လေယာဉ်သစ်တစ်စင်း ထပ်မံ ရောက်ရှိလာပြီး ခရီးစဉ်များ တိုးချဲ့ ပျံသန်းမည်

Air KBZ သည် လက်ရှိတွင် ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ ထားဝယ်နှင့် မြိတ်မြို့များသို့ ပျံသန်း ပြေးဆွဲလျက် ရှိပြီး ဒုတိယအစင်း ထပ်မံ ရောက်ရှိလာ၍ လာမည့် ဇူလိုင်လဆန်းတွင် မြစ်ကြီးနားနှင့် ကော့သောင်းမြို့များသို့ တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း၊ ယခုနှစ် အတွင်း ATR 72-500 လေယာဉ်နှစ်စင်း ထပ်မံ ရောက်ရှိလာမည် ဖြစ်ပြီး အဆိုပါ လေယာဉ်များ ရောက်ရှိလာပါက မုံရွာ၊ ဟုမ္မလင်း၊ ပူတာအို၊ ကလေး၊ လားရှိုး၊ ကျိုင်းတုံ၊ သံတွဲနှင့် စစ်တွေ မြို့များသို့ ပြေးဆွဲမည်ဟု သိရသည်။
Source : www.news-eleven.com