CDMA 800 Error များ ဖုန်းနံပါတ်များ ပြောင်းလဲစုံစမ်းနိုင်မည်

Sim Card များတွင် လိုင်းမထွက်ခြင်း၊ ဖုန်းငွေဖြည့်သွင်း၍မရခြင်း၊ ဖုန်းအ၀င်မရခြင်းအစရှိသော Sim Card Error များအား လက်ခံဆောင်ရွက် ဖြေရှင်းပေးလျက်ရှိသော မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းနံပါတ်အား ပြောင်းလဲစုံစမ်းနိုင်မည်ဖြစ်
URL :
http://www.planet.com.mm/news/read.cfm/id/17268
CDMA 800 MHz စနစ်အသုံးပြုသူများအတွက် မိမိတို့ဖုန်းများရှိ Sim Card များတွင် လိုင်း မထွက်ခြင်း၊ ဖုန်းငွေဖြည့်သွင်း၍မရခြင်း၊ ဖုန်းအ၀င်မရခြင်းအစရှိသော Sim Card Error များအား လက်ခံဆောင်ရွက်ဖြေရှင်းပေးလျက်ရှိသော မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းနံပါတ်အား ပြောင်းလဲ စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ CDMA 800 MHz အသုံးပြုသူများအနေဖြင့် ယခင် Sim Card Errorများ ဖြစ်ပေါ်လာခဲ့ပါက မြန်မာ့ဆက်သွယ်ရေးရုံးသို့ တိုက်ရိုက်သွားရောက်ကာ ဖြေရှင်းခဲ့ကြရသော်လည်း နောက်ပိုင်းတွင် အဆိုပါအခက်အခဲများအား အလွယ်တကူ ဖြေရှင်း ပေးနိုင်စေရန်အတွက် မြန်မာ့ဆက်သွယ်ရေးမှ Sim Card Error များအတွက် ဆက်သွယ် စုံစမ်းရန်နှင့် ငွေဖြည့်ကတ် Error အတွက် ဖုန်းများ ဖြင့်ပင် ဆက်သွယ်စုံစမ်းနိုင်ရန် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ယခင်က CDMA 800 MHzများ ရှိခဲ့ပါက ဖုန်းနံပါတ် ၀၉၇၃၀၀၀၀၀၀သို့ ဆက်သွယ်စုံစမ်းနိုင်ခဲ့သော်လည်း ယခုအခါတွင် နောက်ထပ်ဖုန်းနံပါတ် အသစ် တစ်ခုဖြစ်သည့် ၀၉၇၃၁၁၁၁၁၁ သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းဖြေရှင်းနိုင်မည် ဖြစ်သည်။ ယင်းသို့စုံစမ်းရန်ဖုန်းနံပါတ် ပြောင်းလဲသွားခဲ့သော်လည်း ယခင်က ဆက်သွယ်အသုံးပြုခဲ့သည့် ဖုန်းနံပါတ် အဟောင်းဖြစ်သည့် ၀၉၇၃၀၀၀၀၀၀ မှလည်း လက်ခံဖြေရှင်းပေးလျက်ပင်ရှိကြောင်း သိရသည်။
CDMA 800 MHz အတွက် အခက်အခဲများ စုံစမ်းဖြေရှင်းနိုင်မည့် ဖုန်းနံပါတ်များ
ငွေဖြည့်ကတ် Error များအတွက်
၀၉၇၃၀၀၀၁၁၁
၀၉၇၃၀၀၀၂၂၂
၀၉၇၃၀၀၀၃၃၃
Sim Card Error များအတွက်
၀၉၇၃၀၀၀၀၀၀
၀၉၇၃၀၁၁၁၁၁
Credit: ကိုသက် (Internet Journal)