ဘင်လာဒင်သတင်း အစိုးရသတင်းစာများ မထင်မရှား ဖော်ပြ

ဘင်လာဒင်သတင်း အစိုးရသတင်းစာများ မထင်မရှား ဖော်ပြ

အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား အမေရိကန်က အသေဖမ်းမိကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ကြေညာချက်သည် ကမ္ဘာတဝန်းတွင် ထိပ်တန်းအဖြစ်ဆုံး သတင်းကြီးတခု ဖြစ်သော်လည်း မြန်မာအစိုးရ ၏အာဘော် သတင်းစာများတွင်မူ မထင်မရှားသာ ဖော်ပြပါရှိသည်။

အိုစမာ ဘင်လာဒင် အသေဖမ်းမိသည့်သတင်းကို ဖတ်ရှု နေသည့် ပါကစ္စတန် နိုင်ငံသား တဦး (ဓာတ်ပုံ - Getty Images)

အစိုးရသတင်းစာတွင် တရုတ် ဆင်ဟွာသတင်းကို ကိုး ကား ဖော်ပြထားပြီး သတင်းထုတ်ပြန်သည့် အမေရိကန် သမ္မတ အိုဘားမား အမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။


သို့သော်မြန်မာနိုင်ငံသားများအနေဖြင့်ဂြိိုလ်တုစလောင်း၊ အင်တာနက်စာမျက်နှာတို့မှ ချက်ချင်း သိရှိကြပြီး အထူးစိတ် ၀င်စားမှုရှိကြကြောင်း ဧရာ၀တီမှ သိရသည်။

မစ္စတာ အိုဘားမားက ကမ္ဘာပေါ်တွင် အလိုအရှိဆုံး အကြမ်းဖက်သမား ဘင်လာဒင်ကို အမေရိကန်၏ စစ်ဆင်ရေးတခုအတွင်း ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ မြောက်ဘက်ရှိ အဘော့တဘတ်မြို့ ခြံဝင်းတခုတွင် အသေဖမ်းဆီးရမိကြောင်း အိမ်ဖြူ တော်မှ နေ၍ မေလ ၁ ရက်နေ့ညတွင် ရုပ်သံမှ ကြေညာသွားခဲ့သည်။

အိုစမာ ဘင်လာဒင်ကို အသေဖမ်းဆီးရမိပြီးနောက် သမ္မတ အိုဘားမားက “ကမ္ဘာကြီးက အရင်ကထက် ပိုလုံခြုံသွားပြီ” ဟု ပြောခဲ့ပြီး ယခုကိစ္စသည် တရားဥပဒေအရ အရေးယူ ဆောင်ရွက်လိုက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

ဘင်လာဒင်အား အမေရိကန်အစိုးရက ၁၀ နှစ်ကြာ လိုက်လံ ခြေရာခံစုံစမ်းမှုများ ပြုလုပ်ပြီးမှ ယခုကဲ့သို့ အမေရိကန်က ကြီးမားသော အောင်ပွဲဆင်နို်င်ခြင်းဖြစ်သည်။ သို့သော် အကြမ်းဖက်စစ်ပွဲ ပြီးဆုံးသွားသည်ဟု မယူဆကြောင်း သမ္မတ အိုဘားမားက ဆိုသည်။

နိုင်ငံတကာအစိုးရများ၊ ခေါင်းဆောင်များကလည်း ဘင်လာဒင်အား အသေဖမ်းဆီးရမိသည့်အပေါ် ကြိုဆိုကြသည်။

၀ါရင့်နိုင်ငံရေးသမားကြီး သံတမန်ဟောင်း သခင် ချန်ထွန်းက “ဒီလို မမိ မိအောင် အရေးယူနိုင်ခဲ့တာဟာ ချီးကျူးစရာပဲ” ဟု ပြောသည်။

လူတွေကို အမျိုးမျိုးနှိပ်စက် ညှင်းပန်းသတ်ဖြတ်တဲ့သူဟာ နောက်ဆုံးတော့ အခုလို သူမကောင်းတာလုပ်ခဲ့သလို ကောင်းတဲ့ သေခြင်း မဟုတ်ဘဲနဲ့ အဆုံးသတ်သွားတာဟု သခင် ချန်ထွန်းက ဆက်လက်ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦး၀င်းတင်က “သူ အဓိကထားလုပ်တာက အကြမ်းဖက်တာဖြစ်ပြီး ဘယ်သူ့ကိုမှ ကိုယ်စားပြုတယ်လို့ မယူဆသလို၊ မွတ်ဆလင်များကိုလည်း ကိုယ်စားမပြုဘူးလို့ ယူဆတယ်။ အကြမ်းဖက်သမား တို့ဟာ အကြမ်းဖက်တဲ့နည်းနဲ့ပဲ နောက်ဆုံး စခန်းသိမ်းသွားရတာပါပဲ။ အမေရိကန်အနေနဲ့ ကြီးမားတဲ့အောင်မြင်မှုဖြစ်လို့ ချီးကျူး ပါတယ်” ဟု ဧရာ၀တီသို့ ပြောသည်။

ရန်ကုန်မြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် မွတ်ဆလင်တဦးက “သူ အခုလို ကျဆုံးတာကို ကျနော်တို့ ကြိုဆိုတယ်။ သူအနေနဲ့ အကြမ်းဖက်လုပ်ရပ်ကို လုပ်တာဟာ စစ်မှန်တဲ့မွတ်ဆလင် အတွေးအခေါ်တွေက ရလာတာ မဟုတ်လို့ မွတ်စလင်လောကကို ကိုယ်စားမပြုဘူး။ မွတ်ဆလင်အမည်ခံပြီး အကြမ်းဖက်လုပ်ရပ် လုပ်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ကျနော်တို့က သူ့ကို မွတ်ဆလင်လို့ မသတ်မှတ်ဘူး” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “အဲဒီအတွက် ၀မ်းနည်းတာတို့ဘာတို့ ကျနော်တို့ မခံစားရဘူး။ သူဟာ အပြစ်မဲ့သူတွေ ထောင်ချီသေစေခဲ့ တဲ့သူဖြစ်တယ်။ တရားတဲ့ဥပဒေက သူ့ဆီကို အရောက်ပို့ စီရင်ခဲ့တာသာဖြစ်တယ်” ဟု ပြောသည်။

ဘင်လာဒင် သေဆုံးမှုသတင်းကို ပြည်တွင်း ဂျာနယ်၊ စာစောင်များတွင်လည်း ဖော်ပြခဲ့ပြီး စာဖတ်ပရိသတ်များ အထူးစိတ်၀င်စား ကြကြောင်းလည်း သိရသည်။

ဂျာနယ်လစ်တဦး ဖြစ်သူ ကိုမျိုး (မြန်မာစာ) “မြန်မာစာဖတ်ပရိသတ်က ဘင်လာဒင် သေဆုံးမှုအကြောင်း တော်တော်စိတ်၀င်စား ကြတယ်။ ဒီမှာ စာစောင်တွေ၊ ဂျာနယ်တွေမှာလည်း ချက်ချင်းဖော်ပြကြတယ်။ ကျနော့်ခံစားမှုကတော့ဗျာ လူဆိုးကိုနှိမ်နင်းလိုက် တော့ ၀မ်းသာရတယ်ပေါ့။ အန္တရာယ်ကြီးတခုတော့ ကင်းရှင်းသွားပြီလို့ ယုံကြည်လိုက်ရပြီပေါ့” ဟု ပြောသည်။

ထို့အပြင် အင်တာနက်သုံးစွဲသူ မြန်မာနိုင်ငံသားများသည် အွန်လိုင်း လူမှုကွန်ယက်တခုဖြစ်သော Facebook တွင်လည်း ေ၀ဖန်ချက် အမျိုးမျိုး ရေးသားထားကြသည်။

အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံညီနောင် (World Trade Centre) ဖြိုချခံလိုက်ရသည့် ၉/၁၁ အကြမ်း ဖက်မှုကြီးကို စီစဉ်ကျူးလွန်မှုမတိုင်ခင် ဘင်လာဒင်သည် အာဖဂန်နစ္စတန်နိုင်ငံရှိ ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်ကြီး ၂ ဆူကို ဖြိုချ ဖျက်ဆီးခဲ့သောကြောင့် အိုစမာ ဘင်လာဒင်၊ တာလီဘန်များနှင့် အယ်လ်ကေးဒါးများကို မြန်မာများက ကောင်းစွာ သတိပြုမိခဲ့ကြသည်။

မန္တလေးမြို့နေ ရှေ့နေ ကိုမြင့်သွင်က “ဒါက ကမ္ဘာပေါ်မှာ တရားဥပဒေစိုးမိုးမှုရဲ့ အောင်ပွဲရလဒ် မှတ်တိုင်တခုလို့ ထင်ပါတယ်။ ဘယ်မှာမဆို တရားဥပဒေ စိုးမိုးမှုရှိဖို့ လူသားချင်း စာနာထောက်ထားတတ်မှုရှိဖို့ က အရေးအကြီးဆုံးပဲ။ ဘင်လာဒင်က ဥပဒေစိုးမိုးမှု ပြင်ပကနေပြီး အပြစ်မဲ့အရပ်သားတွေကို ရက်ရက်စက် ကျူးလွန်သတ်ဖြတ်ခဲ့သူဖြစ်တယ်လို့ မြင်တယ်” ဟု ပြောသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection