အက်(စ)တွန် မာတင် ကားဖြင့် တွေ့ ရသည့် ကြင်စဦး ဇနီး မောင်နှံ

အက်(စ)တွန် မာတင် ကားဖြင့် တွေ့ ရသည့် ကြင်စဦး ဇနီး မောင်နှံ

မင်းသား ၀ီလျှံ နှင့် ကိတ်မင်ဒယ်တန် တို့ ၏ တော်ဝင် မင်္ဂလာအခမ်း အနား အပြည့်အစုံကို ယူတု ရှိ Royal Chanel တွင် ကြည့်ရှု နိုင်သလို အောက်ပါ ဗီဒီ ယိုသည် ပြသချိန် သုံးနာရီ ခွဲ ကြာမြင့် သည့် လက်ထပ်မင်္ဂလာ အခမ်းအနား အား အစအဆုံး မှတ်တင်ထားသည့် ဗီဒီယို ဖြစ်သည်။ ၀ီလျှံ နှင့် ကတ်သရင်း တော်ဝင် မင်္ဂလာ ကို ဤ  ဗီဒီယိုတွင် ကြည့်ရှု နိုင်သည်။


 သတို့ သား ၏ ဖခင် ချားလ် မင်းသား



ဗြိတိသျှ ဘုရင် မကြီး အဲလိဇဘက် နှင့် ကြင်ယာတော် ဖိလစ် မင်းသားကြီး ဗြိတိသျှ အိမ်ရှေ့ မင်းသား ချားလ် နှင့် ၁၉၉၇ ခုနှစ် သြဂုတ်လအတွင်း ကွယ်လွန် သွား ခဲ့ပြီဖြစ်သည့် ဒိုင်ယာနာတို ၏သားဖြစ်သူ မင်းသား ၀ီလျှံ သည် သူ နှင့် ကာလကြာရှည် ချစ်မေတ္တာ မျှ နေသည့် ကိတ်မင်ဒယ်တန် ဆိုသည့် အမျိုးသမီးလေး နှင့် အောက်တိုဘာ လ အတွင်း က ကင်ညာ နိုင်ငံ တွင် စေ့စပ် လိုက်ပြီး နောက် ယနေ့ လန်ဒန် မြို့ ဝတ်မင်နီစတာ အဘေး ခရစ်ယာန် ဘုရားကျောင်းကြီး ဉ် စုလျှား ရစ်ပတ် လက်ထပ် မင်္ဂလာ ထိမ်းမြား လိုက် ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ဂါးဒီယန် သတင်းစာတွင် ဖော်ပြထားသည်။

လက်ထပ် မင်္ဂလာ အခမ်း အနား သို့  နိုင်ငံ တကာ မှ တော်ဝင်မျိုး နွယ် များ နှင့် ထင် ပေါ်ကျော်ကြား သူများ အပြင်ဒေသခံ များ နှင့် နိုင်ငံတကာ မှ ပရိသတ် များ တက်ရောက် ခဲ့ကြသည်။ 


ချာလ်း မင်း သား နှင့် ကမီလာ

ဗြိတိသျှ ဘုရင် မကြီး အဲလိဇဘက်

မင်းသား ၀ီလျှံ သည် လက်ရှိ ဘုရင်မကြီး၏ မြေးတော်စပ် သူလည်း ဖြစ်ပြီး ၀ီလျှံ က သူ၏ ဘ၀ ချစ်ခရီးဖော် ကိုစကော့တလန်ရှိ စိန့်  အင်ဒရူး တက္ကသိုလ် တွင် ပညာ ရင် နို့ သောက် စို့ နေစဉ် ၂၀၀၃ ခုနှစ် ဉ် စတင် ဆုံစည်း ခဲ့ခြင်း ဖြစ်သည်။၂၀၁၁ ခုနှစ် နွေဦးရာသီ တွင် ဘာကင်ဟမ် နန်းတော်ဉ် လက်ထပ် မင်္ဂလာ အခမ်းအနား ကို ကျင်းပမည် ဖြစ်သည်။စေ့စပ် ပွဲဉ် ၀ီလျှံ က ကိတ် ကို စိန်များ ရံထားသည့် နီလာ လက်စွပ် ကို ဆင်မြန်ပေး ခဲ့ပြီး ထို လက်စွပ်မှာ သူမ၏ မိခင်ဒိုင်ယာနာ နှင့် ချားလ်မင်းသား တို့  စေ့စပ်စဉ်က ချားလ် က ဒိုင်ယာနာ ကို ဆင်မြန်းပေး ခဲ့သည့် လက်စွပ်ဖြစ်ပြီးသူတို့ နှစ်ဦး စေ့စပ် ကြောင်းလမ်းရန် ရက်ပိုင်း အလို တွင် ချားလ်က သူ့ သားဖြစ်သူ ကို လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ နှစ် ဦး၏ ချစ် ခရီး လမ်း အစက ထီးမူနန်းဟန် များလှ သည့် ဘုရင် မကြီး အဲလီဇဘက် သည် မြေး ချွေးမတော်ကို နှစ် လို သည့် အမူအယာ မပြခဲ့ဟု အင်္ဂလန် သတင်း စာများ က ဖော်ပြသည်။
ကိတ်သည် ၂၀၀၈ ခုနှစ် တွင် ဘွဲ့ ရပြီးနောက် လန်ဒန် ဖက်ရှင် စတိုး တစ်ခု တွင် အရောင်းစာရေး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် မိဘ လုပ်ငန်း များ ကို လုပ်ကိုင်ကာ ယခု ဓာတ်ပုံ ပြခန်း ဖွင့်လှစ်ထားသည်။ဝီလျှံက ဗြိတိသျှ တော်ဝင် လေတပ် မှ ဒု တိယ အဆင့် လေသူရဲ တစ်ဦးဖြစ်သည်။
လက်ထပ် မင်္ဂလာ အခမ်း အနား ပြီး လျှင် ၀ီလျှံ နှင့် ကိတ် တို့ သည့် ကမ်းဘရေခ်ျ မြို့ စား နှင့် မြို့ စားကတော် ဆိုသည့်ဂုဏ်ပုဒ် ကို ရရှိ မည် ဖြစ်သည်။

 

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection