Windows 7 နဲ့ Vista ရဲ့ login screen မှာ Text message ရေးမယ်

Windows 7 နဲ့ Vista ရဲ့ login screen မှာ Text message ရေးမယ်


ကျွန်တော်တို့ရဲ့ကွန်ပြူတာကို တစ်ခါတရံမှာ သူငယ်ချင်းတွေကလည်း ၀င်သုံးတတ်တာမျိုး ၊ ရုံးတို့ဆိုင်တို့ လိုမျိုးမှာ ကွန်ပြူတာကို လူတော်တော်များများက သုံးနေတာမျိုးတွေ ရှိခဲ့ရင် Windows ကို စဖွင့် ဖွင့်ချင်း မှာတွေ့ရမယ့် Login Screen မှာ သုံးစွဲသူတွေ အတွက် သတိပေးချက် ၊ မေတ္တာရပ်ခံချက် စတဲ့ ဘာညာ သာရကာ စာတန်းလေးတွေ ရေးချင်တာမျိုး ရှိတတ်ပါတယ် ။ အဲဒါမျိုးရေးချင်ခဲ့ရင်..

  1. Start menu လေးကို click လုပ်ပြီး search box မှာ regedit လို့ရိုက်ပါ ၊ registry editor ကိုသွား မှာပါ ။ ပြီးရင် enter ခေါက်ပါ ။
  2. registry editor ရဲ့ main menu ကိုရောက်သွားရင် ဒီအတိုင်းဆက်ဖွင့်ပြီး ၀င်သွားပါ။ HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System 
  3. ရောက်ပြီဆိုရင်ညာဖက်ကော်လံမှာရှိတဲ့ legalnoticecaption ဆိုတာကို ရှာပြီး double click လုပ်ပါ ။ Value data ဆိုတဲ့ ဖြည့်ရမယ့် အကွက်နဲ့ box လေးပေါ်လာမယ် ကြိုက်ရာစာသား တစ်ခုကို ရေးလိုက်ပါ ၊ သူကခပ်ကြီးကြီးပေါ်မှာပါ ၊ ခေါင်းစဉ်လိုမျိုးပေါ့ ၊ အင်္ဂလိပ်လိုရေးရမှာပါ ၊ မြန်မာ ဖောင့်က Windows registry ထဲမှာမရသေးဘူးလေ ၊ ပြီးရင် ok နှိပ်လိုက်ပါ ။
  4. နောက်ထပ် အောက်ကနေ စာကြောင်းတွေ များများရေးချင်သေးရင် ၊ ခုနတုန်းက legalnoticecaption ရဲ့အောက်နားကပ်လျက်မှာရှိတဲ့ legalnoticetext ပေါ်ကိုdouble click လုပ်ပါဦး ၊ အဲဒီက value data မှာလည်း ကြိုက်ရာရေးပါ ၊ သူက စာလုံးနည်းနည်းသေးပါတယ် ၊ ဒါပေမယ့် အများကြီးရေးလို့ရပါတယ် ၊ ရေးလို့ဝပြီဆိုရင် ok ပေးလိုက်ပါ ။
 
နောက်တစ်ခါ ကွန်ပြူတာကို ဖွင့်တဲ့အခါ login မလုပ်ခင်မှာ စာတန်းတွေက စောင့်ကြိုနေပါလိမ့်မယ် ။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection