NLD ဝဘ်က်ဆိုက် ဒေါ်စု ကြိုက်

NLD ဝဘ်က်ဆိုက် ဒေါ်စု ကြိုက် 

 

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်တာနက်စာမျက်နှာ ပေါ်ထွက်လာမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုရှိသည်ဟု ဆိုသည်။

မနေ့ ညနေမှစ၍ ဖွင့်လှစ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အင်တာနက် စာမျက်နှာသို့ ပေးပို့ခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက် သဝဏ်လွှာတွင် ဖော်ပြထားသည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေ၊
NLDwebsite
NLD ဝဘ်က်ဆိုက်
လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမယ့် အင်တာနက် စာမျက်နှာတခု ပေါ်ပေါက်လာတာကို သိပ် ကို ကျေနပ်မိပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် သဝဏ်လွှာထဲ၌ ရေးထားသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူ့ကွန်ယက်ကြီးဖွဲ့ရာတွင် ဆက် သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်ခြင်းက အဓိကဟုလည်း ဆိုသည်။

''ဒီစာမျက်နှာမှတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကရေစီရေးနဲ့ အဖွဲ့ချုပ် အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျမတို့ ဆက်သွယ်ခြင်းအားဖြင့် ကျမတို့အားလုံး မျှော်မှန်း တမ်းတနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပိုပြီး မြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်” ဟုလည်း ဆိုသည်။

ဝဘ်က်ဆိုက်လိပ်စာမှာ www.nldburma.org ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်ထားကာ ဆိုက်ထဲတွင် စည်းရုံးရေး၊ ပြန်ကြားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာ၊ ဥပဒေနှင့် တိုင်းရင်းသားရေးရာ ကဏ္ဍများ ပါရှိသည်။

စည်းရုံးရေးကဏ္ဍတွင် ပြည်နယ်နှင့် တိုင်း၊ လူငယ်၊ အမျိုးသမီးနှင့် လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကဏ္ဍခွဲများ ပါဝင်ပြီး ပြန်ကြာရေးကဏ္ဍတွင် သတင်းထုတ်ပြန်ချက်များ၊ အင်တာဗျူး၊ ဆောင်းပါးနှင့် မီဒီယာ ဟူ၍ ကဏ္ဍခွဲများ ပါရှိသည်။

လူမှုရေးကဏ္ဍတွင် အရေးပေါ် လုပ်ငန်း၊ နိုင်ငံရေး အကျဉ်းသားများနှင့် အခြားကိစ္စများ ပါဝင်ပြီး ကျန်းမာရေးတွင် HIV ဝေဒနာရှင်များအကြောင်း၊ နိုင်ငံတကာကဏ္ဍတွင် အမေရိကန်၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ မြောက်အမေရိကနှင့် ဥရောပနိုင်ငံများအကြောင်း ပါရှိသည်။ ထို့ပြင် NLD လှုပ်ရှားမှု ရုပ်သံ မှတ်တမ်းနှင့် ဓာတ်ပုံများပါ ဖော်ပြထားသည်။
http://www.mizzimaburmese.com/index.php

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection