ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု

ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု

ဘလော့တွေအကြား မဲဝဲလ် ဖြစ်ပွားမှုကူးစက်နေပါတယ်။ ရောဂါအမည်က မဲဝဲလ်(malware) ပါ၊ မဲဝယ် မဟုတ်ပါဘူး။ ကြိုတင် မဲတွေ ၀ယ်ခဲ့ကြတဲ့ မဲဝယ်မုန်တိုင်းကတော့ ၂၀၁၀ ခုနှစ်က မြန်မာပြည် ရွေးကောက် ပွဲကာလမှာ တိုက်ခတ်ခဲ့တာပါ။ အခုရောဂါက မဲဝဲလ် (malware) ပါ။


ကျွန်တော်စာမျက်နှာ“ပျူနိုင်ငံ” http://www.pyustate.com/ ကို ဟိုဒီလင့်ခ် http://sitecheck.sucuri.net/scanner/ ထဲမှာ ထည့် စစ်ကြည့်တော့ ကျနော့် မိတ်ဆွေ ဘလော့များရဲ့ လင့်ခ်များနှင့် ကျနော့်လင့်ခ် တချို့မှာ မဲဝဲလ်(malware) တွေ အများအပြား တွေ့ရပါတယ်။ ဘလော့ရဲ့ ဆိုဒ်ဘား (sidebar) မှာ Google Reader ကတဆင့် မိတ်ဆွေ ဘလော့လင့်ခ်တွေကို ချိတ်ဆွဲကြတဲ့ ဘလော့ ဂါ အတော်များများ မဲဝဲလ်(malware) ကူးစက်မှု ဖြစ်ပွားနေပါတယ်။ မဲဝဲလ်(malware) ကူးစက်မှု များပြားလာရင် Google က အဲဒီဘလော့ ကို black list ထဲ ထည့်သွင်းပါလိမ့်မယ်။ အဲဒါဆိုရင် အဲဒီဘလော့ဂါရဲ့ ပို့စ်များဟာ စာဖတ်သူ တွေ အလွယ်တကူ ဖတ်ရှုခြင်းကနေ ကင်းဝေး သွားရမှာပါ။ အဲဒါအပြင် မဲဝဲလ်(malware) ရှိနေ၊ ပိုင်ဆိုင် နေတဲ့ ဘလော့ ဟာ တခြားမိတ်ဆွေ ဘလော့ဂါများထံ ကော်မန့်(comment) သွားရေးခြင်းမှာ လည်း မဲဝဲလ်(malware) ဟာ လိုက်ပါ ကူးစက်ပါသေးတယ်။

(မှတ်ချက်။ ။ မဲဝဲလ်(malware) က ဘလော့ဂါတွေတင် မဟုတ်ပါဘူး၊ .co.cc သုံးတဲ့လူတွေ၊ wordpres နဲ့ info သုံးတဲ့ လူတွေ၊ .com/ .net/ .org ဒိုမိန်း ပြောင်းထားတဲ့ လူတွေပါ ဖြစ်နေကြပါတယ်။ ကိုလင်းထက်က ဒီပြဿနာကို ဖြေရှင်းဖို့ http://www.linhtet.net/2011/02/blogspot.html မှာ ရေးသားထားပါတယ်၊ သွားရောက် ဖတ်ရှုကြပါ။)

http://www.mmcollection.co.cc/ ဆိုဒ်သည် Malware ကင်းရှင်းသော ဆိုဒ်ဖြစ်သည်။


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection