အ၀လွန် အဆီများသူများအတွက် ဆေးကောင်းတစ်လက်

အ၀လွန် အဆီများသူများအတွက် ဆေးကောင်းတစ်လက်

မှန်ကန်သော ဆေးနည်းဖြစ်ကြောင်း ဦးစွာ ပြောပါရစေ။ အမျိုးသားကော အမျိုးသမီးပါ လွယ်ကူစွာ သုံးစွဲနိုင်ပါတယ်။ ဒီဆေးနည်းဟာ ငွေကုန်သက်သာတဲ့အပြင် လျင်မြန်စွာ ပျောက် ကင်းပါတယ်။ ရှောက်ရွက်နှင့် ရှောက်သီးရဲ့အခွံတွင် အဖိုးတန်တဲ့ အဆီဓာတ်တစ်မျိုး ပါရှိ ပါတယ်။ ထိုအဆီဓာတ်ဟာ လေရောဂါများ၊ အသည်းနှလုံးကို အဆီဖုံးခြင်းမှလည်း ကာကွယ် ပေးပါတယ်။ အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး အလှပျက်အောင် ၀မ်းဗိုက်ရွှဲ လာသော အမျိုးသမီး၊ အမျိုးသားများအတွက် အလွယ်တကူ ဖော်စပ်သုံးနိုင်တဲ့နည်းကို တင်ပြလိုက် ပါတယ်။ ပထမ ရှောက်ရွက်ကြမ်းတွေကို အရင်ရှားထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုး သကြား သုံးဇွန်း (ဟင်းစားဇွန်း) စီ ထည့်ရပါမယ်။ ပြီးရင် ပုလင်းတစ်လုံးစီမှာ ရှောက်ရွက် ကိုးရွက်စီ ထည့်ပေးပါ။ နောက် ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်ပြီး နေပူထဲ တွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ထိုရှောက်ရွက်စိမ်ထားသော ပုလင်းများ ကို ဆေးအဖြစ် အသုံးပြုလို့ ရပါပြီ။ နံနက်တစ်ကြိမ် ညတစ်ကြိမ်တို့၌ အဆိုပါ ရှောက်ရွက် ဆေးရည် ပုလင်းကို လှုပ်ပြီး လက်ဖက်ရည်အကြမ်းပန်းကန်တစ်၀က်ခန့်ကို မှန်မှန်သောက် သုံးပေးပါ။ တစ်လမှ နှစ်လခန့်ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွဲမှုများကျပြီး အသားအရေစစ်သွားပါလိမ့်မယ်။

ဒီနည်းက အဆီကျဆေးတို့ ဘာတို့ စားခြင်းထက် စိတ်ချရတဲ့ မြန်မာရိုးရာ ဆေးနည်း ဖြစ်ပါတယ်။ အဲဒီဆေးရည်ကို မှန်မှန်သောက်သုံးပေးခြင်းကြောင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်းကြောင်း သတင်းကောင်းပါးလိုက်ပါ ရစေရှင်။
 

 

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection