Q and A Acid Reflux

Q and A Acid Reflux

နိုင်းနိုင်း - ဆရာ ကျမလွန်ခဲ့တဲ့ ၃လလောက်က Acid Reflux လို့ ဆေးသောက်ပြီးပါပြီ။ လည်ချောင်း အရမ်းနာခဲ့လို့ ဆေးခန်း သွားပြတာပါ Acid Reflux လို့ ပြောပါတယ်။ Hernia မသိမသာလေး ကြီးနေတယ်လို့လည်း ပြောခဲ့ပါတယ်။ ဆေး ၂ လ ပေးသောက်ပါတယ်။ အခုပြီးခဲ့တာ ၁ လကျော်နေပါပြီ။ ဒါပေမဲ့ ဗိုက်က တခါတလေမှပါ အစာမကျေသလို ခံစားရပါတယ်။ ဗမာ ဆေးနနွင်းခါးနဲ့ ပျားရည် သောက်နေပါတယ်။ ဗိုက်ကတော့ ပုံမှန်ဆာပါတယ်။ ၀မ်းလည်း ပုံမှန် သွားပါတယ်။ ဗိုက်လည်း မနာပါဘူး။ တခုပဲ မနက်သွားတိုက်ရင်နဲ့ ပျို့တဲ့အခါ အချဉ်ရည်တွေ ထွက်ပါတယ်။

စာတွေတော့ လိုက်ဖတ်ပေမဲ့ နားမည်လို့ပါ။ မိုက်ဂရိမ်းဖြစ်လို့ အရင်က အကိုက်ခဲပျောက်ဆေးလည်း ခဏခဏ သောက်ဖူးပါတယ်။ ဘာဆေးသောက်ထားရင် ကောင်းမလည်း အကြံဥာဏ်လေးလည်း ပေးစေချင်ပါတယ်။ 21 ရက်နေ့ အစာအိမ် အထူးကုနဲ့ တွေ့ဖို့ရှိပါတယ်။ ကျမအရမ်းစိုးရိမ်ပြီး ကြောက် နေလို့ပါ။ အဲ့ဒါဟာ ကင်ဆာ အဆင့်ထိ ဖြစ်နိုင်ပါသလားရှင်။ ကျေးဇူးပြုပြီး ပြောပြပေးစေချင်ပါတယ်။ ပြီးတော့ အခုတလော ပျို့လာတဲ့အခါ အချဉ်ရည်တွေ ထွက်လာပါတယ် ခဏခဏပါပဲ။

C-box မှာ ရှည်ရှည်မေးတာကို ဖြေလို့ အဆင်မပြေပါ။ တိုက်ရိုက် မေးပါ။

ကင်ဆာ မဖြစ်နိုင်ပါ။ ဖြစ်တဲ့သူ အသက်တော့ မသိရသေးပါ။

ဖတ်ပြီးပြီလားတော့ မသိဘူး “Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်” ကို ဖတ်ပါ။ လိုက်နာပါ။ အထူးကုဆရာ၀န်က ဆရာရေးတာထက် ပိုပြီး ပြောပြ-ကုသ ပေးပါလိမ့်မယ်။

လေနာမဟုတ်ဘဲ Gastroesophageal reflux disease (GERD) ဖြစ်တတ်တယ်။ လူအတော်များများမှာ ဖြစ်တတ်တယ်။ အစာမြိုပြွန်နဲ့ အစာအိမ် ဆက်တဲ့နေရာလေးမှာ အဆို့ရှင်သဘောရှိတာက ပိတ်ရမဲ့အချိန်မှာ ကောင်းကောင်း မပိတ်တော့ အစာအိမ်ထဲ ရောက်ပြီးသား အစာတွေက အထက်ဆီ ဆန်တက်လာတယ်။ Endoscopy ဆိုတာနဲ့ စစ်မယ်။ ဆေးတွေ ပေမယ်။ ခွဲစိတ်တာက နောက် လိုမှ လုပ်ရတယ်။

Paraesophageal Hernia (Hiatal hernia) ဆိုတာလဲ အစာမြိုပြွန်က အထက်ဆီကို ကျွံတက်နေသလို ဖြစ်တာပါ။ လိုအပ်လာရင်တော့ ခွဲစိတ်ကုသရမယ်။

ကျန်းမာ-ချမ်းသာပါစေ။

(Medical Writings ဆေးပညာစာများမှ ကူးယူဖေါ်ပြထားခြင်း)


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection