Personal Computer Magazine

Personal Computer Magazine
 

နှစ်သစ်အတွက် ဈေးဝယ် လမ်းညွှန်နှင့်အတူ ဦးဦး ဖျားဖျား ထွက်လာတဲ့ personal computer magazine မှာ ဈေးဝယ်သူတွေ အတွက် အကြိုက် တွေ့စေမယ့် လမ်းညွှန်ချက် တွေနဲ့အတူ ဒီဇိုင်နာ သမားများ အတွက်လည်း စိတ်ဝင်စားမယ့် Photoshop  CS5 သင်ခန်းစာများ အကြောင်း ရှင်းလင်း ပြသ ပေးထားပါတယ်။
အထူးသဖြင့် ဒီတစ်ပတ်မှာ စိတ်ဝင်စားစေမှာ ဖြစ်တဲ့ အကြောင်း အရာက Unicode နှင့် ပတ်သက်၍ NLP မှ တာဝန်ရှိသူ တစ်ဦးနှင့် unicode ပိုင်းဆိုင်ရာ အင်တာဗျူးပဲ ဖြစ်ပါတယ်။
Indesign နှင့် ပြုလုပ်ထားတဲ့ မဂ္ဂဇင်း အဆင်အပြင်၊ သပ်သပ်ရပ်ရပ်နဲ့ လှပမှုရှိပြီး နှစ်သစ်အတွက် ဈေးဝယ် လမ်းညွှန် စာမျက်နှာ ၂၃ မှာတော့ “ဈေး” တစ်လုံး ခေါင်းစဉ်မှာ ပြုတ်ကျန်နေခဲ့ပါတယ်။ မအားမလပ်တဲ့ အချိန်မှာ အချိန်လုပြီး အလုပ်လုပ်ရတာမို့ စာလုံးပေါင်းသတ်ပုံ အနည်းငယ် မှားယွင်းတာတို့၊ စာလုံးကျန်တာ တွေကတော့ မဂ္ဂဇင်း၊ ဂျာနယ်လောကမှာ ဖြစ်မြဲသဘာဝ တစ်ခုလိုပါပဲ။
Buying Guide  မှာ  e-reader, motorola စသဖြင့် စိတ်ဝင်စားဖွယ်ရာ product များကို ရေးသား ဖော်ပြ ပေးထား ပါတယ်။ ဒါ့အပြင်မှာ ဆောင်းပါးရှင် ကျော်ရဲသန့်ရဲ့ ဂိမ်းသမားများအတွက် အကောင်းဆုံး ပစ္စည်း ကလေးများကို မိတ်ဆက် ရေးသားထားပါတယ်။ နှစ်သစ်လက်ဆောင်အနေနဲ့ ဒေါ်လာ ၁၅ဝ အောက် Gadget ကလေးများ၊ အိုင်တီ  ပစ္စည်း အသေးစားလေးများကို ဖော်ပြပေးထားပါတယ်။ ဒါ့အပြင်မှာ 2010 Editor Choice အနေနဲ့ camera  ပစ္စည်းလေးတွေကို ရေးသားဖော်ပြရုံသာမကဘဲ အသေးစိတ် ရှင်းလင်းဝေဖန် ပေးထားပါတယ်။ ပါဝင်နေကျ Windows 7 လမ်းညွှန်ကဏ္ဍမှာ သုံးစွဲပုံ သုံးစွဲနည်းနှင့် Tip and Tricks လေးများကို တစ်ဆင့်ချင်း ရှင်းလင်း ပေးထားပါတယ်။

ဆောင်းပါးရှင် သိန်းဇော်ရဲ့ Ethernet ကြိုး (network ပိုင်းဆိုင်ရာ ကြိုးချိတ်ဆက်မှု) ဆောင်းပါးကတော့ network သမားများ အကြိုက်တွေ့ပါလိမ့်မယ်။ ယခုလက်ရှိ မြန်မာမီဒီယာများနှင့် ကမ္ဘာ့မီဒီယာ လောကလမှာ hot ဖြစ်နေတဲ့ ဝီကီလိ အကြောင်းကိုလည်း ဆောင်းပါး ၂ ပုဒ်နှင့်အတူ တစေ့တစောင်း တင်ပြထားပါတယ်။ Matrix ရုပ်ရှင်ထဲက Batch file သင်ခန်းစာကိုတော့ ယခုလက်ရှိ ကွန်ပျူတာစာပေ မဂ္ဂဇင်းလောကမှာ မတွေ့ဖူးတဲ့ ရှားရှားပါးပါး ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။
သဘောတူတဲ့ သူတွေ၊ သဘောမတူတဲ့ သူတွေ အများအပြား ကြားထဲက ရွာရိုးကိုးပေါက် လမ်းလျှောက် နေတဲ့ အိုင်တီ ခြေထောက်ကတော့ ဒီတစ်ပတ်မှာ နိုင်ငံခြား အသိအမှတ်ပြုတာကိုမှ  ခံချင်တဲ့သူတွေကို စာပေ ကလောင်နဲ့ ထိုးနှက် ထားပါတယ်။ စွမ်းဆောင်ရှင် လူတန်းစားဆိုပြီး အိုင်တီနယ်မှာ ကျင်လည်နေတဲ့ သူတွေ၊ အိုင်တီ ရိုက်စားပွဲတွေ ပြုလုပ် ဖန်တီးနေတဲ့ သူတွေနဲ့ အိုင်တီလောက အလုပ် ပြဿနာတွေ ကိုလည်း  ကြီးငယ်မဟူ ကလောင်စွမ်းပြ ထေ့ငေါ့ ထားပါတယ်။
ပါဝင်နေကျ သင်ခန်းစာတွေနဲ့ programming ကဏ္ဍတွေကိုလည်း ပျက်ကွက်မှု မရှိရလေအောင် ဖော်ပြ ပေးထား ပါတယ်။ တန်ဖိုးငွေကျပ် ၁၅ဝဝ ဖြင့် မြန်မာ တစ်နိုင်ငံလုံးသို့ WYT media မှ တာဝန်ယူ ဖြန့်ချီပါတယ်။ နှစ်သစ်မှာ personal computer magazine ဟာ အမှတ် (၁၉၆)၊ ဒုတိယထပ် (ယာ)၊ ၃၃ လမ်း(အပေါ်)၊ ကျောက်တံတား မြို့နယ်သို့ ရုံးခန်း ပြောင်းရွှေ့ ဖွင့်လှစ်ထားပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection