Embed YOU TUBE Video In Blogspot

Embed YOU TUBE Video In Blogspot

YouTube လို မီဒီယာ ဆိုဒ်များမှ ဗီဒီယိုဖိုင်များကို မိမိဘလော့ဂ်မှာ ထည့်သွင်းတဲ့ နည်းလေး တစ်ခုကို မသိသေးသူများအတွက် ဝေမျှပေးလိုက်ပါတယ်။ ဗီဒီယိုဖိုင်များကို ဘလော့ဂ်မှာပါတဲ့ Add Video မှာ တဆင့်လဲ Upload တင်နိုင်ပါတယ်။ အခု ဒီနည်းကတော့ Upload တင်နေစရာမလိုပဲ သူ့ဆိုဒ်မှာ ရှိပြီးဖြစ်တဲ့ Code များကို ထည့်လိုက်တာနဲ့ အဆင်ပြေသွားပါပြီ။ လုပ်နည်းလဲ မခက်တာမို့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ လုပ်ကြည့်ရအောင်...

You Tube ကို သွားလိုက်ပါ။ Search မှ တဆင့် မိမိလိုချင်တဲ့ အမျိုးအစား အမည်ကို ရိုက် ထည့်ပြီး ရှာဖွေနိုင်ပါတယ်။ ရှိတယ်ဆိုရင်တော့ နီးစပ်ရာ အားလုံးနီးပါ ပေါ်လာပါတယ်။

မိမိ ထည့်လိုသော Movies ( သို့ ) Musics ကို ရပြီဆိုရင် အောက်မှာ ပြထားတဲ့ ပုံပါအတိုင်း ညာဘက်ရှိ Embed ဆိုသည့် ဘေးမှ Code လေးကို Copy (ctrl+c) ထားပြီး Notepad မှာဖြစ်ဖြစ် ခဏ Paste(ctrl+v) ထည့်ထားလိုက်ပါ ။

Code ရပြီဆိုရင် မိမိဘလော့ဂ်ကို Sign In ၀င်လိုက်ပါ။ ပြီးရင် ပို့စ်အသစ်တင်နေကြအတိုင်း New Post ကို Click လိုက်ပါ။ ထို့နောက် အောက်တွင် ပြထားတဲ့ ပုံအတိုင်း ပို့စ်တင်သည့်နေရာ ညာဘက်အပေါ်နားလေးမှာ Edit HTML ကို Click ပေးလိုက်ပါ။ ပြီးရင် ခုနက သိမ်းထားတဲ့ Embed Code ကို လာထည့်လိုက်ပါ။

အဲဒီနေရာမှာ Code ကို Width နဲ့ Height များကို မိမိဘလော့ဂ်နှင့် သင့်တော်သလို ပြင်ဆင် နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ ပို့စ်တင်နေကြအတိုင်း Publish ပေးလိုက်ရင် ဘလော့ဂ် မှာ You Tube မှာ ဗီဒီယိုဖိုင်တစ်ခုကို သွင်းပြီးသား ဖြစ်သွားပါပြီ။ You Tube ဆိုတာက ကျွန်တော် ဥပမာ ပေးထားတာပါ။ You Tube ကဲ့သို့သော တခြားသော Embed Code များရှိသော Movies သို့ Musics နဲ့ တခြားသော ဖိုင်များကိုလဲ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

အဆင်ပြေကြပါစေ (မနောသား)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection