ဂျီမေးလ်အကောင့် Disabled ဖြစ်သွားသူများအတွက်ပါ

ဂျီမေးလ်အကောင့် Disabled ဖြစ်သွားသူများအတွက်ပါ

အခုတလော ဂျီမေး အကောင့် disabled ဖြစ်သွားသူတွေ ခဏခဏ ကြုံနေရပါတယ်။

ပြဿနာ ကြုံသူအများစုဟာ ဆော်ဒီ ပရောက်ဆီ နှင့် ကျော်ခွ ထွက်လေ့ရှိသူများ ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ ဂျီမေးအကောင့် disabled ဖြစ်သွားပါက ဂူးဂဲလ်မှ မိမိ၏ မိုဘိုင်းဖုန်းနံပတ်ကို တောင်းပါမယ်။ အကောင့်ကို reactivate လုပ်ရန်အတွက် ဂူးဂဲလ်မှ ထို ဖုန်းနံပတ်သို့ text message သော် လည်းကောင်း၊ voice message သော်လည်းကောင်း ပို့မှာ ဖြစ်ပါတယ်။

သို့သော် ကျနော်တို့ မြန်မာပြည်မှ မိုဘိုင်း နံပတ်များကို မပို့ပေးပါဘူး။
ဒါကြောင့် မိမိ၏ အကောင့် disabled ဖြစ်ပါက Contact Support ( http://www.google.com/support/accounts/bin/answer.py?answer=40695&a...) မှ နေ၍ reactivation request လုပ်ခြင်းသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဖော်ပြပါ လင့်ကို disabled ဖြစ်နေသော အကောင့်သို့ ဝင်လိုက် ပါကတွေ့ရှိနိုင်ပါတယ်။

မည်သည့်နည်းလမ်းဖြင့် re-activate လုပ်သည် ဖြစ်စေ အကောင့် recover ဖြစ်ရန် ရာခိုင်နှုန်းကတော့ 50-50 ပါပဲ။

ဒါ့ကြောင့် ဆော်ဒီ ပရောက်ဆီ ဖြင့် မိမိ၏ ဂျီမေးအကောင့်ကို ဝင်ရောက်ဖြင်းအား တတ်နိုင်သမျှ ရှောင်ရှား ကြပါလို့ သတိပေးလိုပါတယ်။

အောက်ကတော့ မသိသေးသူများ အတွက် အကြံပေးခြင်း ဖြစ်ပါတယ်။ အင်တာနက် အိပ်စ်ပလိုရာ နှစ်ခု သုံးနည်း ဖြစ်ပါတယ်။
  1.  ဆော်ဒီ ပရောက်ဆီ ဖြင့် မော်ဇီလာကို သုံးပါ။ ၎င်း မော်ဇီလာဖြင့် ဂျီမေး လုံးဝ မသုံးပါနဲ့။ ဂူဂဲ အကောင့်သုံးရမည့် နေရာမှန်သမျှ မသုံးပါနဲ့။ ဥပမာ။ ဂူးဂဲ search တောင် မိမိ၏ အကောင့်နဲ့ မလုပ်ပါနဲ့။
  2. တရားဝင် ပရောက်ဆီဖြင့် Google Chrome ကို သုံးပါ။ ၎င်းဖြင့် ဂျီမေးသုံးပါ။ ဂူဂဲ အကောင့် သုံးရ မည့် နေရာမှန်သမျှ သုံးပါ။
အားလုံး အကောင့်ပိတ်ခံရခြင်းမှ ကြိုတင် ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ဗျာ...

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection