ရခိုင်စာပေသင်ကြားခွင့်ရရေး လွှတ်တော်တွင် ရတပ တင်သွင်းမည်

ရခိုင်စာပေသင်ကြားခွင့်ရရေး လွှတ်တော်တွင် ရတပ တင်သွင်းမည်

ရခိုင်စာပေကို မူလတန်း အဆင့်တွင် သင်ကြားခွင့် ရရှိရေးအတွက် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေး ပါတီမှ ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


 
စစ်တွေမြို့နယ် အထွေအထွေ အတွင်းရေးမှူးလည်းဖြစ်၊ စစ်တွေမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်အမတ်လည်း ဖြစ်သော ဦးအောင်မြကျော်က သူတို့ ပါတီမှ လွှတ်တော်တွင် ပထမဆုံး တင်သွင်းမည့် အစီအစဉ်ကို ယခုကဲ့သို့ ပြောသည်။

Arakan-and-Ngapali-school
“ ကျွန်တော်တို့ ဆုံးဖြတ်ထားတာက ပထမဆုံး လွှတ်တော်မှာ ရခိုင်စာပေကို ရခိုင်ပြည်နယ်က မူလတန်း ကျောင်းတွေမှာ သင်ကြားခွင့်ရရေးကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဒါကို ပထမဆုံး ဦးစားပေး အနေနဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အစိုးရမူလတန်းကျောင်းများတွင် ရခိုင်စာပေ သင်ကြားခွင့်ရရေး အတွက် တဖက်မှ ပြည်နယ်လွှတ်တော်တွင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်သလို ရခိုင်စာပေသင်ကြားရေး အတွက် အားလုံးလက်ခံနိုင်သော ကျောင်းသုံး စာအုပ် ဖြစ်ပေါ်လာရေး အတွက်လည်း အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် တိုင်ပင် ညှိနိုင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ အခု ကျွန်တော်တို့ ပါတီ အနေနဲ့ ရခိုင်စာပေ ပေါ်ပေါက်ရေး အတွက် ရခိုင်စာပေ ပညာရှင်တွေနဲ့ တိုင်ပင်ညှိုနိုင်းနေပါတယ်။ ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ ရခိုင်ပညာရှင်တွေဆီကလည်း အကြံအဥာဏ် တွေ ရယူပြီး ပူးဆောင်ရွက်သွားမယ်။ တပြည်နယ်လုံး လက်ခံနိုင်တဲ့ ကျောင်းသုံး စာအုပ်မျိုး ဖြစ်အောင် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားပ့ါမယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ( ရတပ)မှ အမတ် ၁၈ နေရာ ရရှိထားပြီး ကြံ့ခိုင်ရေးက ၁၃ နေရာ ရရှိထားကာ တပ်မတော်က ၁၂ နေရာ ပါဝင်လာမည် ဖြစ်သော် လည်း ရခိုင်ပြည်နယ် လွှတ်တော်တွင် အမတ်ဦးရေ အများဆုံးမှာ ရတပ ပါတီသာ ဖြစ်နေသဖြင့် ပြည်နယ် ကောင်းကျိုးအတွက် အများကြီးဆောင်ရွက် လုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သူက ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကို ဇန္န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ရာ ယခုအခါ ပြည်နယ်လွှတ်တော်တက်ရောက်ကြမည့် လွှတ်တော် အမတ်များလည်း စုံစုံညီညီ စစ်တွေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

“ ပြည်နယ်လွှတ်တော်ရုံးဆိုပြီး ယခင် ရခိုင်ပြည်နယ် ခန်းမကို ဆိုင်းဘုတ် ပြောင်းတပ်လိုက်ပြီး အခုအခါ လွှတ်တော်ရုံးအဖွဲ့တွေ ရုံးထိုင်နေကြပြီ ဖြစ်ပါတယ်။ မနေ့ကဆိုရင် လွှတ်တော်အမတ် အဖြစ် အသိ အမှတ်ပြု စာရွက်စာတန်းတွေ၊ ငွေကြေးနဲ့ သက်ဆိုင်တဲ့ စာရွက်စာတန်းတွေ၊ လွှတ်တော်နဲ့ သက်ဆိုင် တဲ့ ဥပဒေရေးရာနဲ့ ဆိုင်တဲ့ စာအုပ် ၁၇ အုပ်ကို မနေ့က ထုတ်ပေးပါတယ်။ အခု လွှတ်တော် အမတ်တွေ အကုန်လုံး စစ်တွေ ဟိုတည်မှာ တည်းခိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

လွှတ်တော် စတင်ဖွင့်လှစ်သည့်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော် သဘာပတိ၊ ဥက္ကဌ၊ ဒုဥက္ကဌတို့ကို ရွေးချယ် တင်မြောက်မည် ဖြစ်ပြီး အဆိုပါ နေရာများကို ရတပ ပါတီမှ မဲစနစ်ဖြင့် ရွှေးကောက်တင် မြှောက်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

လွှတ်တော်ကျင်းပမည်မှာ တရက်သာ လိုတော့သော်လည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မည်သူ ဖြစ်လာ မည်ကို မသိရှိရသေးကြောင်း သူက ပြောသည်။


(နိရဉ္စရာ သတင်း မှကူးယူဖေါ်ပြထားခြင်း)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection