ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဂမ်ဘီယာသမ္မတ နိုင်ငံတို့အကြားသံတမန်အဆက် အသွယ်ပြုလုပ်

ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဂမ်ဘီယာသမ္မတ နိုင်ငံတို့အကြားသံတမန်အဆက် အသွယ်ပြုလုပ်

ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဂမ်ဘီယာ သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီး များ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သံတမန်ဆက်သွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ ကောင်စစ် ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် ရေးကို ထူးထောင်လိုသည့် ဆန္ဒရှိကြသည့်အားလျော်စွာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီး အဆင့်ဖြင့် သံတမန်အဆက်အသွယ် ပြုလုပ်လိုက်သည်။ ယင်းကဲ့သို့ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြုလုပ်ရန် သဘောတူညီချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ ဂမ်ဘီယာ အမြဲတမ်းကိုယ်စားလှယ်တို့သည် ဇန်န၀ါရီလ ၁၃ ရက်တွင် နယူးယောက်မြို့၌ လက်မှတ်ရေးထိုးကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် သံတမန် ဆက်ဆံမှု တိုးချဲ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဂမ်ဘီယာ သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၀၃) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့် နိုင်ငံဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection