တူနီးရှားသမ္မတဟောင်း၏ မိသားစုဝင်များအား ဖမ်းဆီးထိန်းသိမ်း

တူနီးရှားသမ္မတဟောင်း၏ မိသားစုဝင်များအား ဖမ်းဆီးထိန်းသိမ်း

တူနီးရှားနိုင်ငံတွင် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ ၄င်းတို့က အစိုးရအဖွဲ့ဟောင်းမှ ၀န်ကြီးများ အစိုးရအဖွဲ့သစ်တွင် ရာထူးနေရာများ ဆက်လက်ရယူထားသည့် ကိစ္စကို ဆန္ဒပြ၍ နုတ်ထွက်ပေးရန် တောင်းဆိုကြသည်။ ညမထွက်ရအမိန့်ကို အချိန်လျှော့၍ သတ်မှတ်ပေးခဲ့သည်။ မြို့တော်၏ လမ်းများ ပေါ်တွင် ယာဉ်များ လှုပ်ရှားသွားလာမှု ပြုကြ၍ ဆိုင်များနှင့် လုပ်ငန်းများလည်း ပြန်လည် ဖွင့်လှစ်လာ ကြပြီဖြစ်သည်။ ဤအတောအတွင်း သမ္မတဟောင်း ဘင်အလီ၏ မိသားစုဝင် ၃၃ ဦးသည် နိုင်ငံမှ ထွက် ပြေးရန် ကြံစည်သဖြင့် သက်ဆိုင်ရာမှ ထိန်းသိမ်းထားခဲ့ရသည်။ အစိုးရအဖွဲ့သစ်က နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်းခွင့်ပြု၍ အခြားပြစ်မှုကျူးလွန်သူ အကျဉ်းသား ၁၈၀၀ ကိုလည်း လွှတ်ပေးခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်ကြသော တူနီးရှားလူမျိုးများက ဘင်အလီ၏ ပိုင်ဆိုင်ပစ္စည်းများအား ထိန်းချုပ် ထားရန် တောင်းဆိုသဖြင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရက ဘင်အလီပိုင်ဆိုင်သော နေအိမ်အဆောက်အဦ၊ ကိုယ်ပိုင်ဂျက်လေယာဉ်နှင့် ဘဏ်စာရင်းတို့ကို ထိန်းချုပ်ထားခဲ့သည်။ (ဘီဘီစီ)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection